ဒေါ်အောင်ဆန်းစုကြည် လန်ဒန်က မြန်မာ အသိုင်းအဝိုင်းနှင့် တွေ့ဆုံ
2012.06.22

RFA
အဲသလို တွေ့ဆုံရာမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့ မိမိတို့ နေထိုင်ရာ အိမ်ရှင်နိုင်ငံ့အပေါ် ကျေးဇူးတရား သိတတ်ကြဖို့၊ စည်းလုံးညီညွတ်မှုကို ဦးတည်ကြဖို့ လိုသလို ပြည်တွင်းက တိုင်းရင်းသားပြည်သူ အားလုံးလည်း ညီညွတ်မှုကို တိုးတက်အောင် လုပ်ဆောင်ကြဖို့၊ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့ မိမိတို့ ရရှိတဲ့ အခွင့်အရေးတွေအပေါ် အခြေခံပြီး မြန်မာနိုင်ငံမှာ အခု လောလောဆယ် ပေါ်ထွက်နေတဲ့ အခြေအနေ အခွင့်အလမ်းတွေကို အလဟသ မဖြစ်အောင် ကြိုးပမ်းကြဖို့ အလေးထား ပြောကြားသွားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား အင်အားစုတွေ အရေးပါ အားထားရပုံကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။
ဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ RFA ဦးခင်မောင်စိုးကို ရုံးချုပ်က ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |