ဗြိတိသျှ စီးပွားရေးလုပ်ငန်းရှင်အဖွဲ့ မြန်မာနိုင်ငံကို လာမည်

ဗြိတိန်နိုင်ငံ UKIT စီးပွားရေး သံတမန်အုပ်စုရဲ့ ဥက္ကဋ္ဌ Lord Marland နဲ့အဖွဲ့ဟာ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေး လုပ်ငန်းကိစ္စတွေ ဆွေးနွေး ဖို့ မြန်မာနိုင်ငံကို နောက် လအတွင်း သွားရောက်မှာ ဖြစ်ပါတယ်။

2012.06.22

UKIT အုပ်စုနဲ့အတူ အခြားဗြိတိသျှ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပါဝင်လိုက်ပါလာကြမယ်လို့ သိရပါတယ်။ အခု သွားရောက်ကြမယ့် အုပ်စုဟာ ဥရောပသမဂ္ဂက မြန်မာအပေါ် စီးပွားရေးပိတ်ဆို့ အရေး ယူမှုတွေ ပြန်လည် ရုပ်သိမ်းလိုက်ပြီး နောက်ပိုင်း မြန်မာနိုင်ငံကို ပထမဆုံးသွားမယ့် ဗြိတိသျှ စီးပွားရေး လုပ်ငန်းရှင်အုပ်စု ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အရေးကြီးပုံကို လတ်တလော ဗြိတိန်နိုင်ငံ ခရီးစဉ်မှာ ထုတ်ဖော်ပြောဆို ခဲ့ပြီးတဲ့နောက် အခုလို ဗြိတိသျှ စီးပွားရေး လုပ်ငန်းရှင် အဖွဲ့ရဲ့ မြန်မာပြည်ခရီးစဉ် ပေါ်ပေါက် ခဲ့တာ ဖြစ်ကြောင်း ဗြိတိန်စီးပွားရေး သတင်းစာတစ်စောင် က ဖော်ပြပါတယ်။

ဒီအတောအတွင်း United Bank of India ရဲ့ကိုယ်စားလှယ်ရုံးကို ရန်ကုန်မှာ ဖွင့်ဖို့အတွက် မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက် ရရှိခဲ့ပြီဖြစ်ပြီး၊ ဒါဟာမြန်မာနိုင်ငံမှာ ပထမဆုံး ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခွင့်ရ တဲ့ အိန္ဒိယဘဏ် ဖြစ်တယ်လို့ United Bank of India ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မိမိတို့ဘဏ် ကိုယ်စားလှယ်ရုံး အနေနဲ့ လောလောဆယ်မှာ ငွေကြေး အထုတ်အသွင်း ကိစ္စတွေ ဆောင်ရွက်နိုင်ဦးမှာ မဟုတ်ပေမဲ့ နောက်ပိုင်း မှာ မိမိတို့ရဲ့ ဘဏ်ခွဲတွေနဲ့ ချိတ်ဆက် ဆောင်ရွက်သွားမှာ ဖြစ် ပါတယ်လို့ United Bank of India ရဲ့ အမှုဆောင် ဒါရိုက်တာက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။