ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံကို ဝင်ရောက်မည်

စကော့တလန် နိုင်ငံ Glasgow Caledonian တက္ကသိုလ် ကျောင်းအုပ်၊ ပါမောက္ခ Pamela Gillies ဟာ မြန်မာ့နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခဲ့ပြီး Glasgow မြို့တော်ကို လာရောက် လည်ပတ်ဖို့ မြို့တော်ဝန်ရဲ့ဖိတ်ကြားစာကို ပေးအပ်ခဲ့ပါတယ်။

2012.06.22
pamela-gillies-b305 စကော့တလန်နိုင်ငံ Glasgow Caledonian တက္ကသိုလ် ကျောင်းအုပ်၊ ပါမောက္ခ Pamela Gillies ဖြစ်ပါသည်။
Photo: Glasgow Caledonian University

ပါမောက္ခ Gillies ဟာ နိုင်ငံခြားရေးဝန်ကြီး William Huage က ဒေါ်အောင်ဆန်းစုကြည်အတွက် ဓနသဟာယ အဖွဲ့ရုံးမှာ တည်ခင်းတဲ့ ဧည့်ခံပွဲမှာ ဗြိတိသျှကောင်စီ အဖွဲ့ဝင်တစ်ဦး အနေနဲ့ ဒေါ်အောင်ဆန်း စုကြည်ကို တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဟာ ပြင်သစ်သမ္မတရဲ့ ဖိတ်ကြားချက်အရ ဗြိတိန်က အပြန် မှာ ပြင်သစ်နိုင်ငံကို ဝင်ရောက်မှာဖြစ်ပြီး ပြင်သစ်သမ္မတ Francois Holland နဲ့ သမ္မတ အိမ်တော်မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ပြင်သစ်သမ္မတက ဒေါ်အောင်ဆန်းစုကြည်ကို ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။