သမ္မတ ဦးသိန်းစိန်ကို ဗြိတိန် ဖိတ်ကြားမှု ဒေါ်အောင်ဆန်းစုကြည် ကြိုဆို

ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ David Cameron က သမ္မတ ဦးသိန်းစိန်ကို ဗြိတိန်နိုင်ငံကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြား လိုက်ကြောင်း၊ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်ကို ဦးသိန်းစိန်က လက်ခံလိုက်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ရုံး ပြောခွင့် ရသူက မနေ့က ပြောဆိုပါတယ်။

2012.06.21
u-thein-sein-david-cameron-b305 ၂၀၁၂ ခုနှစ် ဧပြီလ ၁၃ ရက်က နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် ဗြိတိန် ဝန်ကြီးချုပ် David Cameron တွေ့ဆုံဆွေးနွေးနေစဉ်။
AFP

ဦးသိန်းစိန် လာရောက်လည်ပတ်မယ့် နေ့ရက်အတိအကျကို အတည် မပြုနိုင်သေးပေမဲ့ ရှေ့လာမယ့် လတွေအတွင်း လာရောက် မယ်လို့ ဆိုပါတယ်။

အခုလို သမ္မတ ဦးသိန်းစိန် ဗြိတိန်ကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားလိုက်တဲ့ အပေါ် ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံကြိုဆိုလိုက်ပါ တယ်။

ဦးသိန်းစိန်ကို ဖိတ်ကြားတာ မှန်ကန်တယ်လို့ ယူဆပါတယ်။ မိမိတို့ဟာ အတိတ်ကာလရဲ့အချုပ်အနှောင်ကို မခံလိုကြတော့ပါဘူး။ ပိုပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ အနာဂတ်တစ်ရပ် ထူထောင်ဖို့အတွက် အတိတ်ကို အသုံးချချင်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆို ခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန် ဗြိတိန်နိုင်ငံကို လာရောက် လည်ပတ်တဲ့ အခါ မြန်မာ နိုင်ငံမှာ ဆက်လက်ဆောင်ရွက်ဖို့ လိုအပ်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ အကြောင်း ဗြိတိန် ဝန်ကြီးချုပ် နဲ့ ဆွေးနွေးကြမယ်လို့ ဗြိတိန် ဝန်ကြီး ချုပ်ရုံး ပြောခွင့် ရသူက ပြောဆိုပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် မစ္စတာ David Cameron ကလည်း - ဗြိတိန်ရဲ့ ဖိတ်ကြားချက်ကို သမ္မတ ဦးသိန်းစိန် လက်ခံလိုက်တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ကြောင်း၊ အတိတ်ကာလက မိမိတို့အနေနဲ့ ဘယ် လိုပဲ သဘောထားခဲ့သည်ဖြစ်စေ အခုအခါ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် အောင်မြင် တာကို ဗြိတိန် အပါအဝင် မိတ်ဆွေနိုင်ငံတွေက မြင်တွေ့ချင်ပါကြောင်း၊ ဒီအတွက် မြန် မာအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုကြောင်း ပြော ကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။