မောင်တောအခြေအနေ ပုံမှန်မရောက်သေး
2012.06.23

ဘူးသီးတောင်-မောင်တော ရေကြီးချိန်က ရရှိထားပြီး မြို့နယ်အုပ်ချုပ်ရေးရုံးမှာ အသင့် ရှိနေတဲ့ ရွက်ဖျင်တဲတွေ လုပ်ပေးပြီး သန်သန်မာမာ ယောကျ်ားတွေကို အိုးခွက်ပန်းကန်တွေပါ ပေးပြီး နေရာပြန်ချထားပေးတာလို့ မောင်တောမြို့က လူမှုရေး အကူအညီပေးနေသူ တစ်ဦးက ပြောပါတယ်
နေရာပြန်ချထားရေးအတွက် ပူးပေါင်း ဆောင်ရွက်နေတာတွေ့ရကြောင်း၊ အေးချမ်းတည်ငြိမ်နေပြီပြောပေမဲ့ အခြေအနေတွေ ပုံမှန် မဖြစ်သေးကြောင်း၊ စစ်တပ်ချမထားတဲ့အတွက် မနေရဲကြသေးကြောင်း သူက ပြောပါတယ်။
မောင်တောမြို့နယ်မှာ ရခိုင်တိုင်းရင်းသားနဲ့ ဌာနဆိုင်ရာ အစိုးရဝန်ထမ်းက လူဦးရေ အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းတောင် မပြည့်ဘဲ ရခိုင်ပြည်နယ် ပဋိပက္ခ အတွင်း ရခိုင်ကျေးရွာတွေနဲ့ အာဏာပိုင်တွေ အစီအစဉ်နဲ့ ပြည်မက လူတွေကို နေရာချထားပေးတ ဲ့ရွာတွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရပ်ရွာဖျက်ဆီးခံရလို့ ထွက်ပြေးလာရသူ ဒုက္ခသည်တွေကို မောင်တောမြို့ ဗဟိုကျောင်းတိုက်၊ ပရဟိတ အလိုတော်ပြည့် ကျောင်းတိုက်၊ အောင်မြေဗောဓိ အလိုတော်ပြည့်ကျောင်း၊ လေးမိုင် လုံထိန်း ရဲတပ်ရင်းနဲ့ ကျောင်းတွေမှာ နေရာချထားပေးပါတယ်။
တောင်ကုတ်မြို့ လူထုက မော်တော်နဲ့ ပေးပို့လိုက်တဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကို ဒီနေ့ လက်ခံရရှိတဲ့ အကြောင်း၊ အလှူရှင်တွေဆီက ရရှိတာတွေကို အိုးမဲ့အိမ်မဲ့ ဒုက္ခသည်တွေ သာမက မီးလောင်မှုမှာ မပါဝင်တဲ့ မောင်တော မြောက်ပိုင်းက ဒေသခံတွေကိုလည်း လှူဒါန်းတဲ့ အကြောင်းလည်း ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်နေသူတွေက ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ နယ်စပ်အခြေစိုက် ကုလားတန်သတင်းဌာနက မောင်တောနဲ့ နယ်စပ်ဒေသ နယ်မြေတွေမှာ အစွန်းရောက် ရခိုင်လူမျိုးတွေနဲ့ အတူ နစက နဲ့လုံခြုံရေးတပ်ဖွဲ့ တချို့က ရိုဟင်ဂျာ ဘင်္ဂါလီလူမျိုးတွေကို
တရားမဲ့ ဖမ်းဆီး နှိပ်စက်တာတွေ၊ တချို့ရွာတွေမှာ မုဒိန်းမှု ကျူးလွန်တာတွေ ဖြစ်ပါွးနေတယ်လို့ ရေးသား ဖေါ်ပြထားပါတယ်။