သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-04-26
“မိမိတို့အနေနဲ့ တရုတ်-မြန်မာချစ်ကြည်ရေး ပိုမိုခိုင်မာလာတာကို မြင်တွေ့လိုပါတယ်။ဒါကြောင့် စစ်ကောင်စီနဲ့ စီးပွားရေးလုပ်ငန်းသစ်တွေ စတင်တာကို ရပ်တန့်ပြီး NUG အစိုးရနဲ့ တရုတ်အစိုးရကြား အဆင့်မြှင့် ဆွေးနွေးမှုတွေစတင်ပါ။ စစ်ကောင်စီကိုဆန့်ကျင်နေတဲ့ တခြားပါတီအဖွဲ့အစည်းတွေနဲ့လည်း ဆက်ဆံရေးထူထောင်ပါ။” လို့ အဲဒီအိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။”
2022-04-26
ဖမ်းဆီးခံ NLD ပြည်ထောင်စုဝန်ကြီးတွေဟာ ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်က တီကျစ်ကျောက်မီးသွေး လုပ်ငန်း စီမံကိန်းမှာ ငွေသိန်းထောင်ချီ အဂတိလိုက်စားခဲ့ပြီး ဦးချစ်ခိုင်ဟာလည်း သူတို့နဲ့ အကျိုးတူ ပူးပေါင်း စီးပွားရေးလုပ်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။
2022-04-26
CDM ဝင်လာတဲ့ ရဲဝန်ထမ်းတွေထဲမှာ အမြင့်ဆုံးရာထူးအဖြစ် ရဲမှူး နှစ်ဦးပါဝင်ပြီး၊ ကျန်တာကတော့ ဒုရဲမှူး၊ ရဲအုပ်၊ ဒုရဲအုပ်၊ ရဲအရာခံ၊ ရဲတပ်သားနဲ့ စာရေးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
2022-04-26
ပြည်တွင်း ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ ဦးချစ်ခိုင်ကို စစ်ကောင်စီက ဧပြီလ ၂၅ ရက် မနေ့ကညပိုင်းမှာ ဖမ်းဆီးလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-04-26
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နဲ့ အင်းစိန်ထောင်ကနေ အမှုရင်ဆိုင်နေရတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို ဒါရိုက်တာ မိုက်တီး ကို ပြင်ပဆေးရုံမှာ ဆေးကုသခွင့်ရဖို့ မိသားစုဝင်တွေက အင်းစိန်ထောင် အာဏာပိုင်တွေထံ တောင်းဆိုထားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
2022-04-26
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အသစ်ဆောက်လုပ်နေတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးနဲ့ ပတ်သက်ပြီး ထိုင်းပြည်တွင်း အဖွဲ့တစ်ခုက ဒီရုံးဟာ မြန်မာပြည်က လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့ဖို့ ဆောင်ရွက်နေတာဆိုတဲ့ စွပ်စွဲချက်ကို အမေရိကန်ပြည်ထောင်စုက ငြင်းဆိုလိုက်တယ်လို့ ဧပြီလ ၂၆ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။
2022-04-26
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု အချိန်ကြာလာတာနဲ့အမျှ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဟာ အင်အားချည့်နဲ့လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။
2022-04-26
စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို အပြည့်အဝ မယုံကြည်သေးဘဲ သံသယနဲ့စောင့်ကြည့်နေတယ်လို့ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ပြောပါတယ်။
2022-04-26
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် သဲချောင်းကျေးရွာက ရိုဟင်ဂျာဒုက္ခသည်တွေဟာ စားဝတ်နေရေး အခက်ကြုံနေပါတယ်။ အလုပ်အကိုင်တွေလည်းမရှိသလို စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းတွေကလည်း အဆမတန် မြင့်တက်နေတာကြောင့် အခုလိုအခက်အခဲနဲ့ ရင်ဆိုင်နေကြရတာလို့ ဒုက္ခသည်တွေက ပြောပါတယ်။
2022-04-26
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေဖြစ်ကြတဲ့ စိန်ဝင်းဝင်း လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးခင်မောင်သိန်းနဲ့ ညီဖြစ်သူ ဦးတင်တို့ကို ဧပြီလ ၂၅ ရက် မနေ့က သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာတွေနဲ့ သေဆုံးလျက် တွေ့ခဲ့တယ်လို့ NLD နဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-04-26
စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းရွာမှာ ဧပြီလ ၂၄ ရက်ကစပြီး ဒီကနေ့အထိ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့ PDF တွေ သုံးရက်ကြာတိုက်ပွဲဖြစ်နေလို့ နတ်ချောင်းရွာသားတွေ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-04-26
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းဆီက ရွှေနဲ့ ဒေါ်လာတွေလက်ခံခဲ့တယ်ဆိုပြီး စွပ်စွဲခံနေရတဲ့အဂတိအမှုကို ဧပြီလ ၂၆ ရက် ဒီနေ့ရုံးချိန်းမှာ အမိန့်ချဖို့ ချိန်းဆိုထားပေမယ့် မနက်ဖြန် ဧပြီ ၂၇ ရက်ကို ထပ်မံ ရွှေ့ဆိုင်းလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-04-26
ထောင်ဒဏ် ၁၂ နှစ် အမိန့်ချခံထားရတဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုရဲ့ ထောင်ဒဏ် ထက်ဝက်ကာလကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အမိန့်နဲ့ လွတ်ငြိမ်းသက်သာ ခွင့်ပြုလိုက်ပါတယ်။
2022-04-25
ပြီးခဲ့တဲ့နှစ်အတွင်းမှာ ဆူဒန်၊ မာလီနဲ့ မြန်မာနိုင်ငံတွေမှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပြီး နောက်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကပ်ရောဂါအလား တိုးလာတာ တွေ့ရတယ်လို့ ကုလအထူးကိုယ်စားလှယ် Pramilla Patten က ပြောသွားပါတယ်။
2022-04-25
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က စစ်ခေါင်းဆောင်ရဲ့ ဒီကမ်းလှမ်းချက်ဟာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ NUG ကြားစည်းလုံးမှုကို ဖြိုခွဲဖို့ကြိုးစားတဲ့ လုပ်ရပ်ပဲလို့ ဝေဖန်ပါတယ်။