သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-03-27
စစ်တပ်က မြန်မာတစ်ပြည်လုံးမှာ သူတို့အပေါ် ဆန့်ကျင်သူတွေကို ဖမ်ဆီးသတ်ဖြတ်တာ၊ ပြည်သူတွေရဲ့ လယ်ယာမြေတွေကို သိမ်းဆည်းတာအပါအဝင် ရပ်ရွာတွေကို မီးရှို့ဖျက်ဆီးတာစတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခေတ်အဆက်ဆက်ကနေ ဒီနေ့အထိ ပြုလုပ်နေဆဲ ဖြစ်တာကြောင့် တပ်မတော်နေ့လို့ သတ်မှတ်ထားတဲ့ မတ်လ ၂၇ ရက်နေ့ ဒီနေ့ဟာ တိုင်းရင်းသားလူမျိုးတွေနဲ့ မြန်မာပြည်သူလူထု တစ်ရပ်လုံးအတွက် ဝမ်းနည်းကြေကွဲဖွယ်ရာနေ့ နေ့တစ်နေ့ ဖြစ်ခဲ့ရတယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဒီနေ့ ဖော်ပြထားပါတယ်။
2022-03-27
အကြမ်းဖက်မှုတွေရပ်တန့်ပေးဖို့နဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ပို့ဆောင်ပေးဖို့ စစ်ကောင်စီရဲ့တပ်မတော်နေ့ဖြစ်တဲ့ ဒီကနေ့ မတ်လ ၂၇ ရက်နေ့မှာ ဥရောပသမဂ္ဂ၊ အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေက ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2022-03-27
အမျိုးသမီး အချင်းချင်း မကူညီတဲ့ အမျိုးသမီးတွေအတွက် ငရဲပြည်မှာ သီးသန့်နေရာရှိတယ်လို့ ပြောခဲ့တဲ့ အမေရိကန်ပြည်ထောင်စုက ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီး Madeleine Albright ဟာ အသက် ၈၄ နှစ်ရွယ်မှာ ကင်ဆာရောဂါနဲ့ ဒီနှစ် မတ် ၂၃ ရက်မှာ ကွယ်လွန်သွားပါပြီ။
2022-03-26
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေ မြဝတီခရိုင်နဲ့ ကော့ကရိတ်မြို့နယ်တွေမှာ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ပြေးဒုက္ခသည် ခြောက်ထောင်ကနေ ရှစ်ထောင်ကြား ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ပြောပါတယ်။
2022-03-26
စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးအတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA၊ ရက္ခိုင့်တပ်တော် AA တို့နဲ့ အလွတ်သဘောတွေ့ဆုံလိုကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဖိတ်ကြားလိုက်ပါတယ်။
2022-03-26
လုပ်ကြံသတ်ဖြတ်ခံရလို့ သေဆုံးသွားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ပါတီဝင် ၁၃၀၀ ကျော်အတွက် အောက်မေ့ဖွယ်ကျောက်တိုင်စိုက်ထူပွဲကို နေပြည်တော်က အဲဒီပါတီ ရုံးချုပ်မှာ မတ်လ ၂၆ ရက် ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
2022-03-26
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေ မြေပြင်မှာ ထိပ်တိုက်တိုက်ပွဲတွေမရှိပေမယ့် စစ်ကောင်စီတပ်တွေကတော့ ကျေးရွာတွေထဲကို နေ့စဉ် ဝင်ရောက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-03-26
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲက ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ (၆) နယ်မြေ ကော့ကရိတ်-မြဝတီ (အာရှလမ်မကြီး) နဲ့ မြဝတီ-ဝေါလေ လမ်းပိုင်းတွေမှာ ကားတွေဖြတ်သန်း သွား လာတာတွေကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ KNU က မတ်လ ၂၆ ရက် ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။
2022-03-25
စစ်ကောင်စီက ရုရှားနိုင်ငံကနေ ဝယ်လိုက်တဲ့ SU -30 SME တိုက်လေယာဉ်တွေဟာ နိုင်ငံခြားကိုရောင်းဖို့ ဈေးခပ်ချိုချိုနဲ့ ထုတ်လုပ်လိုက်တဲ့ အမျိုးအစားဖြစ်ပြီး တစ်စင်းကို အမေရိကန်ဒေါ်လာ သန်း ၃ဝ ကျော် ပေးရတယ်လို့ သိရပါတယ်။
2022-03-25
အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို နည်းမျိုးစုံနဲ့ ထောင်ထဲမှာ ဖိနှိပ်နေတာကြောင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) အနေနဲ့ ထောင်တွေထဲသွားပြီး စစ်ဆေးပေးဖို့ အရပ်ဘက်အဖွဲ့ ၁၈ ဖွဲ့က ဒီမတ်လကုန်ပိုင်းမှာ ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။
2022-03-25
စစ်ကောင်စီ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနဲ့ နေပြည်တော် စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းတို့ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပစ်မှတ်ထား အရေးယူပိတ်ဆို့တဲ့ စာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။
2022-03-25
မြန်မာစစ်တပ်ဟာ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေ ကျူးလွန်နေတာ၊ အင်အားအလွန်အကျွံ အသုံးပြုတိုက်ခိုက်နေတာကြောင့် မြန်မာပြည်သူတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောခဲ့ပါတယ်။
2022-03-25
တရုတ်ဝန်ထမ်းတစ်ဦးဆီက Covid-19 ရောဂါပိုးတွေ့တာကြောင့် မြန်မာ - တရုတ်နယ်စပ် မူဆယ် ကျင်စန်းကျော့ - ဝမ်တိန် နယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်က ဒီကနေ့ မတ်လ ၂၅ ရက် မနက်မှာ ယာယီ ပိတ်လိုက်တဲ့အတွက် ရှမ်းပြည်နယ် မြောက်ပိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတွေ ယာယီပြတ်တောက် သွားတယ်လို့ မူဆယ် နယ်စပ်ကုန်သည်တွေက RFA ကို ပြောပါတယ်။
2022-03-25
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အာလမ်ကျေးရွာအနီး ဧရာဝတီမြစ်ဘေးမှာ ရွှေတူးနေသူတွေကို စစ်တပ်က ဒီကနေ့ မတ်လ ၂၅ ရက် မနက်ပိုင်း ဝင်ရောက်ဖမ်းဆီးရာမှာ အရပ်သား ငါးဦး ဖမ်းဆီးခံလိုက်ရတယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
2022-03-25
ချင်း၊ ရခိုင်၊ ကချင်၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေနဲ့ ဆင်းရဲ နွမ်းပါးတဲ့ အိမ်ထောင်စုပေါင်း ၄၆,၀၀၀ ကျော်အတွက် တစ်အိမ်ထောင်စီကို ခြောက်သောင်းခွဲကျပ်စီ မကြာသေးခင်က ထောက်ပံ့ပေးခဲ့တယ်လို့ အသက်မွေးဝမ်းကျောင်းမှုနဲ့ စားနပ်ရိက္ခာ ဖူလုံရေး ရန်ပုံငွေအဖွဲ့ (LIFT) က မတ်လ ၂၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။