ရက္ခိုင့်တပ်တော် ULA/ AA နဲ့ NUG အလွတ်သဘောတွေ့ဆုံလို

2022.03.26
ရက္ခိုင့်တပ်တော် ULA/ AA နဲ့ NUG အလွတ်သဘောတွေ့ဆုံလို ရက္ခိုင့်တပ်တော် AA အမှတ်တံဆိပ်ကို တွေ့ရစဉ်
Photo: RFA

စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးအတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA၊ ရက္ခိုင့် တပ်တော် AA တို့နဲ့ အလွတ်သဘောတွေ့ဆုံလိုကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဖိတ်ကြားလိုက်ပါတယ်။

မဟာမိတ်ဆက်ဆံရေး ကော်မတီခေါင်းဆောင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် လက်မှတ်နဲ့ မတ်လ ၂၄ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

NUG ဟာ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေ၊ မိတ်ဖက်နိုင်ငံရေး အဖွဲ့အစည်း တွေနဲ့ အင်အားစုတွေနဲ့အတူ ပူးပေါင်းလက်တွဲပြီး အာဏာရှင်စနစ်အပြီးတိုင် ဖျက်သိမ်းရေး နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖော်ဆောင်ရေး လုပ်ငန်းတွေကို ကြိုးပမ်း ဆောင်ရွက်ဖို့ ဆန္ဒပြင်းပြ၊ ထက်သန်နေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ULA/ AA အဖွဲ့ တို့နဲ့ အဆင်ပြေသင့်လျော်မယ့် အချိန်၊ နေ့ရက် ရွေးချယ်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီက တွေ့ဆုံလိုတယ်လို့ ဖိတ်ကြားစာ မှာ ဖော်ပြထားပါတယ်။

AA ဟာ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ တရားဝင်မဟုတ်ဘဲ အလွတ်သဘော တွေ့ဆုံခဲ့တယ်လို့ မတ် ၅ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြား ထားပါတယ်။

AA ဟာ နိုင်ငံတကာနဲ့ ပူးပေါင်းပြီး အာရက္ခပြည် တည်ထောင်သွားမယ်လို့လည်း သတင်းစာ ရှင်းလင်းပွဲမှာ AA ပြောရေးဆိုခွင့်ရှိသူ ကိုခိုင်သုခ က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။