သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-23
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ၂၀၁၂ ခုနှစ် က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကြောင့် ရပ်နားထားတဲ့ စစ်တွေ - ရေချမ်းပြင် ရထားလမ်းပိုင်းကို ရထားပို့ဆောင်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ဒီနေ့ ပြန်လည် ဖွင့်လှစ်ပေးခဲ့ပါတယ်။
2015-01-23
တနင်္သာရီတိုင်းဒေသကြီးမှာ မီတာခ တစ်ယူနစ်ကို ၃၅ ကျပ်နဲ့ သတ်မှတ်ကောက် ယူဖို့ ဒေသခံတစ်ထောင်ကျော်က ဒီနေ့ ထားဝယ်မြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2015-01-23
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်း ကြူကုတ်မြို့ ကောင်းခါးကျေးရွာမှာ အဓမ္မပြု အသတ်ခံခဲ့ရတဲ့ ကျောင်း ဆရာမနှစ်ဦးကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ဂျော်ဘွမ် ကချင်နှစ်ခြင်း ခရစ်ယာန်သချုႋင်းမှာ ဒီနေ့ သြင်္ဂိုဟ်ခဲ့ပြီး လူပေါင်းတစ်သောင်းလောက်က လိုက်ပါပို့ဆောင်ပေးခဲ့ ပါတယ်။
2015-01-23
အောင်ဆန်းမျိုးဆက်ဆိုတာ စွန့်လွှတ် အနစ်နာခံပြီး အများအတွက်အကျိုးပြုနိုင်တဲ့ စိတ်ဓာတ်ရှိသူတွေကို ဆိုလိုတာဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောပါတယ်။
2015-01-23
ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသ ကြီး၊ ပေါင်းတည်မြို့ပန်းခြံမှာ ဗိုလ်ချုပ်ကြေး ရုပ် ထားခွင့်တင်တာကို ပေါင်းတည်မြို့ အကျဉ်းဦးစီးဌာနက ပယ်ချလိုက်ပါတယ်။
2015-01-23
ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုလူငယ်အဖွဲ့နဲ့ တိုင်းရင်းသားပါတီ အသီးသီးက လူငယ်တွေပူးပေါင်းပြီး လာမယ့်ဖေဖော် ဝါရီလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့မှာ ဗိုလ်ချုပ်အောင် ဆန်း နှစ် ၁ဝဝ ပြည့် မွေးနေ့ဂုဏ်ပြုပွဲ ကျင်းပ မှာဖြစ်ပါတယ်။
2015-01-23
မကြာသေးခင်ရက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် M.s Yanghee Lee မြန်မာနိုင်ငံကို ရောက်ရှိနေစဉ်အတွင်း သူ့လုပ်ဆောင်ချက်တွေကို မကျေနပ်တဲ့အတွက် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ က ဟောပြောပွဲတစ်ခုမှာ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ပြောဆိုခဲ့ပါတယ်။
2015-01-23
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်းကြူကုတ်မြို့ ကောင်းခါးကျေးရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့ညက အဓမ္မပြုကျင့်အသတ်ခံခဲ့ရတဲ့ ကျောင်းဆရာမ နှစ်ဦးကို ဒီနေ့ မြစ်ကြီးနားမြို့ ဂျော်ဘွမ် ကချင်နှစ်ခြင်းခရစ်ယာန် သချုႋင်းမှာ မြေမြှုပ်သြင်္ဂိုဟ်ခဲ့ပါတယ်။
2015-01-23
ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့လစာကို တစ်လ ကျပ် ၁ဝ သိန်းနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်လွှတ်တော် ကိုယ်စားလှယ်တွေကို ကျပ် ၅ သိန်းအထိ တိုးမြှင့်ဖို့ မနေ့က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
2015-01-23
အမျိုးသားပညာရေး ဥပဒေကို ပြင်ပေးဖို့ မန္တလေး - ရန်ကုန် ခရီးရှည်ချီတက်ပြီး ဆန္ဒပြနေတဲ့ ကျောင်း သားတွေဟာ ကျောက်ဆည်မြို့ကနေ မြစ်သားမြို့ကို ဒီနေ့ ဆက်လက်ချီတက်ခဲ့ကြပါတယ်။
2015-01-23
အမျိုးသားပညာရေးဥပဒေကို ထားဝယ်နဲ့ မြိတ်ခရိုင်အတွင်းက ကျောင်းသူကျောင်းသားတွေက ၂၀၁၅ ဇန်နဝါရီလ ၂ဝ ရက်နေ့ကစပြီး ထားဝယ်မြို့မှာ သပိတ်မှောက် ဆန္ဒပြနေကြပါတယ်။
2015-01-23
အင်းစိန်အကျဉ်းထောင်ကနေ ပြန်လွှတ်လာ တဲ့ ဒေါက်တာ ထွန်းအောင်ကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
2015-01-23
မိကျောင်းကန်သပိတ်ကို အားပေးကူညီတဲ့ အတွက် ထိန်းသိမ်းခံထားရတဲ့ ကိုဝေဠု က မြန်မာနိုင်ငံက တရားစီရင်ရေးဟာ လွတ်လပ်မှုမရှိပဲ ချုပ်ကိုင်ချယ်လှယ်သူတွေ ရှိနေတဲ့အတွက် ၊ နောက်ထပ် တရားရုံး ရုံးချိန်းတွေကို လာရောက်တော့မှာ မဟုတ်တော့ဘဲ ထောင်ထဲမှာပဲနေပြီး တရားရုံးကို သပိတ်မှောက်မယ်လို့ ပြောလိုက်ပါတယ်။
2015-01-23
မြန်မာဗုဒ္ဓဘာသာဘုန်းကြီး ဦးဝီရသူ က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အပေါ် ရိုင်းပြ ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေနဲ့ ဝေဖန်တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းကြည့်မယ်လို့ မြန်မာအစိုးရဘက် က ပြောဆိုကြောင်း၊ ဒါပေမဲ့ အရေးယူလို့တော့ ရနိုင်ဖွယ် မရှိကြောင်း အရိပ်အမြွက်ပြောဆိုကြောင်း AFP သတင်း က ဖော်ပြပါတယ်။
2015-01-23
မြန်မာနိုင်ငံက လွှတ်တော်တွေမှာ တင်ပြဆွေးနွေးနေတဲ့ လူမျိုးဘာသာဆိုင်ရာ ဥပဒေကြမ်းတွေနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ရှုတ် ချကြောင်း USCIRF ခေါ် အမေရိကန်ပြည်ထောင်စု နိုင်ငံတ ကာ ဘာသာရေး လွတ်လပ်ခွင့်ကော်မရှင်က ဇန်နဝါရီ ၂၂ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။