ဦးဝီရသူ အပေါ် အရေးယူနိုင်ဖွယ်မရှိကြောင်း သမ္မတရုံး ပြောဆို


2015.01.23
un-protest-ygn-305.jpg ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ ကုလသမဂ္ဂ တိုက်တွန်းချက်ကို ဇန်နဝါရီလ ၁၇ ရက်နေ့က ရန်ကုန် မြို့ ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်မှာ လူ ၃ဝဝ ကျော် ကန့်ကွက်ဆန္ဒပြစဉ်
Photo: Kyaw Htoon Naing/RFA

မြန်မာဗုဒ္ဓဘာသာဘုန်းကြီး ဦးဝီရသူက မြန်မာနိုင်ငံဆိုင် ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အပေါ် ရိုင်းပြကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေနဲ့ ဝေဖန် တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းကြည့်မယ် လို့ မြန်မာ အစိုးရဘက်က ပြောဆိုကြောင်း၊ ဒါပေမဲ့ အရေးယူ လို့တော့ ရနိုင်ဖွယ်မရှိကြောင်း အရိပ် အမြွက်ပြောဆိုကြောင်း AFP သတင်းက ဖော်ပြပါတယ်။

သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက  ဒီကိစ္စနဲ့ပတ်သက် ပြီး မေးမြန်းစုံစမ်းဖို့ သာသနာရေးဝန်ကြီးဌာနကို ညွှန် ကြားထားပါတယ်။ ဒါပေမဲ့ ဒီကိစ္စအပေါ် တရားဝင် တိုင်တန်းချက် မရရှိသေးပါဘူး၊ ပြီးတော့ ဒီကိစ္စဟာ သံဃာ့ကိစ္စဖြစ်နေတာမို့၊ မိမိတို့အနေနဲ့ တိုက်ရိုက်ကိုင် တွယ်လို့ မရပါဘူးလို့ပြောကြားခဲ့ကြောင်း AFP သတင်းက ဆိုပါတယ်။

ရခိုင်ပြည်နယ်ပဋိပက္ခနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စရန်ဟီးလီ ကို ဦးဝီရသူက လိင်ပိုင်းဆိုင်ရာ ဝေါဟာရတွေသုံးစွဲ တိုက်ခိုက်ခဲ့ပါတယ်။

ဦးဝီရသူကို AFP က မေးမြန်းခဲ့ရာမှာ ဦးဝီရသူက ဒီ့ထက်ပြင်းထန်တဲ့ ဝေါဟာရ စကားလုံးရှာတွေ့ရင်၊ အဲဒီ့ အတိုင်းပြောလိုက်မှာဖြစ်ကြောင်း၊ မြန်မာပြည်အပေါ် မစ္စရန်ဟီးလီ လုပ်ခဲ့တာတွေနဲ့ ညီမျှတဲ့စကားလုံးမရှိကြောင်း တုန့်ပြန်ခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။