ကချင်အမျိုးသမီးနှစ်ဦး ဈာပန သောင်းနဲ့ချီ လိုက်ပါပို့ဆောင်


2015.01.23
kachin-teachers-funeral-305.jpg အသတ်ခံရတဲ့ ကချင်ကျောင်းဆရာမနှစ်ဦးရဲ့ ရုပ်အလောင်းကို ဇန်နဝါရီလ ၂၃ ရက်နေ့ကတွေ့ရစဉ်
Photo: Kbc Kachin

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်း ကြူကုတ်မြို့ ကောင်းခါးကျေးရွာမှာ အဓမ္မပြု အသတ် ခံခဲ့ရတဲ့ ကျောင်းဆရာမနှစ်ဦးကို ကချင်ပြည် နယ် မြစ်ကြီးနားမြို့က ဂျော်ဘွမ် ကချင်နှစ်ခြင်း ခရစ်ယာန်သချုႋင်းမှာ ဒီနေ့ သြင်္ဂိုဟ်ခဲ့ပြီး လူပေါင်း တစ်သောင်းလောက်က လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။

ကျောင်းဆရာမနှစ်ဦးရဲ့ သြင်္ဂိုဟ်ပွဲကို မြစ်ကြီးနား မြို့ခံတွေအပြင် အနယ်နယ်အရပ်ရပ်က လာရောက် ပို့ဆောင်ပေးခဲ့တယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ဆမ်ဆွန်ခလမ် က ပြောပါတယ်။

"မန္တလေး၊ ကွတ်ခိုင်၊ မူဆယ်ကနေပါလာတဲ့ လူတွေနဲ့အားလုံးဆိုရင် ၁ သိန်းကျော်ရှိမယ်လို့ ကျနော်ထင်တယ်၊ ကျနော်တို့ ၁ နာရီမှာ ဆုတောင်းပြီး ၃ နာရီမှာ မြေမြှုပ်သြင်္ဂိုဟ်မှာဖြစ်ပါတယ်"

အဲဒီ သြင်္ဂိုဟ်ပွဲကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ အရပ်ဘက်လူမူအဖွဲ့အစည်းတွေနဲ့ အမျိုးသမီးအဖွဲ့ ကိုယ်စားလှယ်တွေတက်ရောက်ပြီး အမှုမှန်အမြန်ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဆရာမနှစ်ဦးအလောင်းကို မူဆယ်ခရိုင်၊ ကောင်းခါးကျေးရွာအထိ သွားရောက်ယူဆောင်ခဲ့တဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ဆရာတော်တွေနဲ့ အဲဒီ့ကျေးရွာမှာ တပ်စခန်းချနေတဲ့ ခမရ ၅၀၃ တပ်က တာဝန်ရှိသူတွေ တွေ့ဆုံရာမှာ စုံစမ်းစစ်ဆေးဖို့အတွက် စစ်တပ်ဘက်ကကူညီမယ်လို့ ပြောခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အပြင် ကုလသမဂ္ဂအဖွဲ့ထံ တင်ပြအကူအညီတောင်းထားတယ်လို့ ပြောပါတယ်။

ဒီအတောအတွင်း အသတ်ခံရတဲ့ ကျောင်းဆရာမနှစ်ဦးကိစ္စနဲ့ပတ်သက်ပြီး အမူမှန်ပေါ်ပေါက်ဖို့အတွက် ဒီနေ့မနက်ပိုင်းမှာ အမျိုးသမီးအဖွဲ့အစည်းတွေက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ တောင်းဆိုဆန္ဒပြခဲ့ကြပြီး လွမ်းသူ့ပန်းခွေချခဲ့ပါတယ်။

ကချင် သာသနာပြုဆရာမ၂ ဦး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျူကုတ်မြို့နယ် ကောင်းခါးကျေးရွာမှာ မူဆယ်ခရိုင်ရဲတပ်ဖွဲ့က စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ စစ်ဆေးမှုမှာပါဝင်တဲ့ ကချင်နှစ်ချင်းသာသနာပြု အဖွဲ့က အတွင်းရေးမှူး ဦးဇောင်ရာကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

အခုလို ကချင်ခရစ်ယာန် သာသနာပြု ဆရာမနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်လို့ အစိုးရဘက်က လုပ်ဆောင်နေတဲ့ စုံစမ်းစစ်ဆေးနေမှု အခြေအနေတွေကို သမ္မတရုံးက ညွန်ကြားရေးမှူး ဦးဇော်ဌေးကို RFA ဝိုင်းတော်သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။