အောင်ဆန်းမျိုးဆက် အကြောင်း ဒေါ်အောင်ဆန်း စုကြည် ဟောပြော


2015.01.23
dassk-pyinmanar-305.jpg နေပြည်တော်၊ ပျဉ်းမနားမြို့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်မွေးနေ့ အကြိုဂုဏ်ပြုပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ်
Photo: Myo Thant/RFA

အောင်ဆန်းမျိုးဆက်ဆိုတာ စွန့်လွှတ်အနစ်နာခံပြီး အများအတွက်အကျိုးပြုနိုင်တဲ့ စိတ်ဓာတ်ရှိသူတွေကို ဆိုလိုတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြော ပါတယ်။

နေပြည်တော် ပျဉ်းမနားမြို့တပေါင်းကွင်းမှာ မနေ့ညက ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်မွေးနေ့ အကြိုဂုဏ်ပြုပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ တာဖြစ်ပါတယ်။

"ကိုယ့်ကိုအားကိုးပြီးတော့ ကိုယ်ကနေပြီးတော့ တစ်ခုခုလုပ်ပေးမယ်လို့ မျှော်လင့်တဲ့သူတွေ အပေါ်မှာလည်း ဂရုဏာမေတ္တာထားပြီးတော့ ကြိုးစားပြီးတော့ သူတို့ရဲ့လိုအပ်ချက်တွေ ကို ဖြည့်ဆည်းပေးနိုင်ရမယ်၊ ဒီလိုစိတ်ဓါတ်တွေနဲ့ ကျမတို့လူငယ်တွေဟာ ကျမတို့နိုင်ငံရဲ့အကျိုးကို ထမ်းဆောင်သွားမယ်ဆိုလို့ရှိရင် အားလုံး ဟာ အောင်ဆန်းမျိုးဆက်တွေပဲလို့ ကျမပြောချင်ပါတယ်၊ ကျမတို့ အောင်ဆန်းမျိုးဆက်ဆိုတာ ဒါပါပဲ၊ သွေး နဲ့မဆိုင်ပါဘူး၊ စိတ်ဓါတ်နဲ့ဆိုင်ပါတယ်၊ မြင့်မြတ်ရမယ်၊ ဖြူစင်ရမယ်၊ စွန့်လွှတ်ချင်တဲ့စိတ်ရှိရမယ်၊ စွန့်စားနိုင် တဲ့သတ္တိရှိရမယ်၊ စိတ်ဓါတ်ဆိုတာအမျိုးမျိုးပေါ့၊ လူတိုင်းလူတိုင်းဟာ ပုံစံတစ်မျိုးထဲထွက်လာတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဘယ်လိုပုံစံပဲဖြစ်ဖြစ် အများအတွက် အကျိုးပြုနိုင်မယ့်ပုံစံတော့ဖြစ်အောင် ကိုယ့်ကိုကိုယ်လုပ်ယူနိုင် ပါတယ်"

ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းထားခဲ့တဲ့ လွတ်လပ်ရေးအမွေကို အားလုံးခွဲဝေခံစားသလို တာဝန်တွေကို ခွဲဝေယူပြီး ဗိုလ်ချုပ်ရာပြည့်ဂုဏ်ပြုပွဲတွေကို ကျင်းပကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

အဲဒီဂုဏ်ပြုဖျော်ဖြေပွဲကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဖျော်ဖြေပွဲမှာ Lazy Club တီးဝိုင်းနဲ့အတူ အနုပညာရှင်တွေက တေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။