သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-01-09
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ချိန်မှာ သုံးစွဲဖို့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ငွေကျပ်သိန်း နှစ်ထောင်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC အဖွဲ့ဝင် ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက တဆင့် လှူဒါန်းလိုက်ပါတယ်။
2017-01-09
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မလေးရှားနိုင်ငံ မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၅ ဦး ဓါးနဲ့ တိုက်ခိုက်သတ်ဖြတ်ခံရပြီးနောက် ပိုင်း ၊ မြန်မာအလုပ်သမားတွေအတွက် ဘေးအန္တရာယ်ကင်း ရှင်းအောင် နေထိုင်ဖို့ သတိပေးညွှန်ကြားချက်တွေ ထုတ်ပြန် ထားတယ်လို့ ကွာလာလာမ်ပူမြို့ မြန်မာသံရုံးက ပြောပါ တယ်။
2017-01-09
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်း တွင်းဒေသမှာ အသက်မပြည့်တဲ့ အမျိုးသမီးငယ်တွေ လူ့အခွင့် အရေး ချိုးဖောက်ခံရမှု ရှိမရှိကို ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီ က ကချင်ပြည်နယ် အစိုးရအဖဲ့ွနဲ့ တွေ့ဆုံရာ မှာ မေးမြန်းခဲ့ပါတယ်။
2017-01-09
ရခိုင်အမျိုးသားပါတီ ANP ကနေ ထုတ်ပယ် ခံထားရတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီဝင်ဟောင်းတွေက မူလပါတီဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီကို ပြန်လည်မှတ်ပုံတင်ဖို့ မနေ့က တောင်ကုတ်မြို့မှာပြုလုပ်တဲ့ အစည်းအဝေးမှာ အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။
2017-01-09
တိုင်ကြားခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီး ချုပ်နဲ့ တနင်္သာရီတိုင်း လွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌ တို့ထဲက တစ်ဦးဟာ တိုင်ကြားချက်တွေနဲ့ ငြိစွန်းနေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း က ပြောပါတယ်။
2017-01-09
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ချိန်မှာ သုံးစွဲဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ငွေကျပ် သိန်း နှစ်ထောင်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC အဖွဲ့ဝင် ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက တဆင့် လှူဒါန်းလိုက် ပါတယ်။
2017-01-08
စစ်ကြီးအပြီးခေတ်အခေါ် ကောလိပ်ဝင်စာမေးပွဲကို အင်္ဂလိပ်စာဂုဏ်ထူးနဲ့ တစ်နိုင်ငံလုံး အထူးချွန်ဆုံး ဆယ်ယောက်ထဲမှာပါဝင်ပြီး စာမေးပွဲအောင်မြင် ခဲ့ပေမယ့် မြန်မာစာမှာအမှတ်နည်းတဲ့ ဒေါ်ကြည်အေး ဟာ မြန်မာကဗျာနဲ့ ဝတ္တုအတတ်ပညာမှာ ပါရမီထူး သူတစ်ဦးအဖြစ် ထာဝရမှတ်တမ်းတင်ခံရသူဖြစ် ပါတယ်။
2017-01-08
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အထိမ်းအမှတ် အဖြစ် စိုက်ထူမဲ့ ဗိုလ်ချုပ်ကြေး ရုပ်တုကို ပြည်နယ်အစိုးရ က ပြန်လည်ပြုပြင်ဖို့ စီစဉ်နေတာကို နှစ်တစ်ရာပြည့် ဗိုလ်ချုပ်ကြေး ရုပ်တုဖြစ် မြောက်ရေးကော်မတီက ကန့်ကွက်လိုက်ပါတယ်။
2017-01-08
ရခိုင်ပြည်နယ်မှာ ရခိုင်ပါတီသစ်တစ်ခု ထပ်မံထူထောင်ဖို့ ကြိုးပမ်းနေတာ ကို တောင်ကုတ်မြို့မှာ ဒေသခံ ၁၀၀ ကျော်က ဒီနေ့ ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။
2017-01-08
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်း မြို့နယ် ဆားမလောက်ကျေးရွာမှာ ပန်းလှိုင်မြစ်ကမ်းပါးပြိုမှုကြောင့် လူနေအိမ်ခြေ ၁၆ လုံး ပြောင်းရွှေ့ထားရ ပြီး နောက်ထပ် ၃၆ လုံး ပြောင်းရွှေ့ရဖွယ်ရှိနေပါတယ်။
2017-01-08
အစ္စလာမ်ဘာသာဝင်တွေကျင်းပတဲ့ တမာန်တော်နေ့ အထိမ်းအမှတ် ဓမ္မသဘင်အခမ်းအနားကို အမျိုးသားရေး တက်ကြွ လှုပ်ရှားသူ လူပုဂ္ဂိုလ်တွေနဲ့ မျိုးချစ်ရဟန်း သံဃာတော်တွေ စုပေါင်းထားတဲ့ ညွန့်ပေါင်းအဖွဲ့က တက်ရောက်ခွင့်တောင်း ဆိုရာမှာ နှစ်ဖက်အချေအတင်ဖြစ်ခဲ့ပြီးနောက် သဘော တူညီမှုနဲ့ အခမ်းအနားကို ညွန့်ပေါင်းအဖွဲ့က ကိုယ်စား လှယ်တွေ တက်ရောက်ခဲ့ပါတယ်။
2017-01-08
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မကွေး တိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ ဗဟိုကော်မတီဝင် ၁၉ ယောက်ဟာ တရုတ်နိုင်ငံကို လေ့လာရေးခရီးအဖြစ် ၁၀ ရက်ကြာ သွားရောက်မှာဖြစ်ပြီး ဒီကနေ့ အန်အယ်လ်ဒီရုံးချုပ်မှာ နာယက ဦးတင်ဦးက ကိုယ်စားလှယ်အဖွဲ့ကို မှာကြားခဲ့ ပါတယ်။
2017-01-08
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ကယားပြည် နယ်၊ ဖရူဆိုမြို့နယ် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်မြေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းဖို့ နောက်ကျခဲ့တာကြောင့် NLD ပါတီဗဟိုက ခုံရုံးဖွဲ့စစ်ဆေးခဲ့ပါတယ်။
2017-01-08
မြန်မာနိုင်ငံဘက်မှာဖြစ်ပွားခဲ့တဲ့ အကြမ်း ဖက်မှုများကြောင့် သောင်းနဲ့ချီတဲ့ မြန်မာနိုင် ငံဘက်ကသူများ ဘင်္ဂလားဒေ့ရှ်ကို ရောက် ရှိနေတယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပြောဆိုနေ တဲ့ ခေါင်းခဲစရာပြဿနာနဲ့ ပတ်သက်ပြီး သံတမန်ကိုယ်စား လှယ် အဖွဲ့တစ်ဖွဲ့စေလွှတ်ဖို့ မြန်မာနိုင်ငံဘက်က စီစဉ်နေ ပါတယ်။
2017-01-07
အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif မိုဟာမက် ဂျာဗက် ဇာရိဖ် က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres အန်တိုနီယို ဂူးတရက်စ်ထံကို မနေ့က စာ တစ်စောင်ရေးသားပြီး ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စ လင်တွေရဲ့အခြေအနေ ပိုမိုကောင်းမွန်ရေးအတွက် အလေး အနက် ဖြေရှင်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။