ငြိမ်းချမ်းရေး ရန်ပုံငွေအဖြစ် NLD က ကျပ်သိန်း နှစ်ထောင် လှူဒါန်း


2017.01.09
peace-fun-620.jpg ငြိမ်းချမ်းရေး ရန်ပုံငွေအဖြစ် NLD က ကျပ်သိန်း နှစ်ထောင်ကို ဇန်နဝါရီလ ၉ ရက်နေ့က လှူဒါန်းနေစဉ်
Photo: Aung Thain Kha/ RFA

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ချိန်မှာ သုံးစွဲဖို့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ငွေကျပ် သိန်း နှစ်ထောင်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC အဖွဲ့ဝင် ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း က တဆင့် လှူဒါန်းလိုက်ပါတယ်။

ငြိမ်းချမ်းရေးရန်ပုံငွေ လှူဒါန်းပွဲကို ရန်ကုန်မြို့ ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပခဲ့တာဖြစ် ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လစာချီးမြှင့် ငွေထဲကနေ ၂၅ ရာခိုင်နှုန်း ကို ပါတီရန်ပုံငွေ အဖြစ်သတ်မှတ်ပြီး စုဆောင်းထားတဲ့အထဲက ငွေကျပ်သိန်း နှစ်ထောင် ကို အစိုးရအဖွဲ့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းဆောင်ရွက်ချက်တွေမှာ သုံးစွဲဖို့ လှူဒါန်းခဲ့တာဖြစ်ပါတယ်။

လစဉ်စုဆောင်းငွေ ၂၅ ရာခိုင်နှုန်း ကောက်ခံတာကို ဆက်လက်လုပ်ဆောင်သွားဦးမှာ ဖြစ်တယ်လို့လည်း ပါတီခေါင်းဆောင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။