ငြိမ်းချမ်းရေးရန်ပုံငွေ ထည့်ဝင် သူတွေကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်
2017.04.03

.
ငြိမ်းချမ်းရေးရန်ပုံငွေအတွက် ပြည်သူတစ်ဦးချင်းစီကနေ ထည့်ဝင်လှူဒါန်းငွေ ကျပ် ၁၃ ဒသမ ၉၄၈ ဘီလီယံ ရရှိခဲ့တဲ့အတွက် ကျေးဇူးတင်ရှိကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနက စာထုတ်ပြန် လိုက်ပါတယ်။
နိုင်ငံတော်အစိုးရက ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ရန်ပုံငွေတွေကို ရှာဖွေရာမှာ ငြိမ်းချမ်းရေးမြတ်နိုးသူ တိုင်းရင်းသားပြည်သူတွေက တတ်အားသမျှပါဝင်နိုင်စေဖို့ ရည်ရွယ်ချက်နဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့ကစတင်ပြီး မြန်မာ့စီးပွားရေးဘဏ် နေပြည်တော်ဘဏ်ခွဲမှာ ငွေစုစာရင်း၊ စာရင်းရှင်ငွေ စာရင်းတွေ ဖွင့်လှစ်အလှူခံခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲဒီလို ထည့်ဝင်လှူဒါန်းရာမှာ မြန်မာနိုင်ငံနေရာအနှံအပြားက လူတစ်ဦးချင်း၊ တစ်ယောက်ချင်းစီက တတ်နိုင် သလောက် ငွေကြေးပမာဏ ကျပ်တစ်ထောင်၊ ကျပ် ငါးထောင်၊ ကျပ်တစ်သောင်း စသဖြင့် ထည့်ဝင်ကြတာ ကို တွေ့ရှိရကြောင်းလည်း ပါရှိပါတယ်။
ပြည်သူတွေရဲ့လှူဒါန်းမှုတွေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဘယ်လောက်လို လား တောင့်တနေတယ်ဆိုတာ ဖော်ပြနေတဲ့အတွက် ပံ့ပိုးကူညီမှုတွေကို ကျေးဇူးတင်ရှိပါကြောင်းနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အောင်မြင်အောင် ဆတက်ထမ်းပိုးကြိုးပမ်းသွားမှာဖြစ်ကြောင်းလည်း ပါရှိပါတယ်။