ကုလလူ့အခွင့်အရေး ကိုယ်စား လှယ် ကချင်ပြည်နယ်အစိုးရ အဖွဲ့နဲ့ တွေ့ဆုံ


2017.01.09
yangheelee-620.jpg ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yan Hee Lee ဟာ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဇန်နဝါရီလ ၉ ရက်နေ့က တွေ့ဆုံစဉ်
Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ အသက်မပြည့်တဲ့ အမျိုးသမီးငယ်တွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ရှိ မရှိကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ က ကချင်ပြည်နယ်အစိုးရ အဖဲ့ွနဲ့ တွေ့ဆုံရာမှာ မေးမြန်းခဲ့ပါတယ်။

ဒီနေ့ မြစ်ကြီးနားမြို့က ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံစဉ် မေးမြန်းခဲ့တာဖြစ်တယ်လို့ တွေ့ဆုံပွဲကို တက်ရောက် ခဲ့တဲ့ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန် က ပြောပါတယ်။

လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ကချင်ပြည်နယ်ခရီးစဉ်အတွင်း ဖားကန့်နဲ့ လိုင်ဇာဘက်ကို သွားဖို့ စီစဉ်ထားပေမယ့် လုံခြုံရေးအခြေအနေအရ မသွားသင့်ကြောင်း ပြည်နယ် အစိုးရအဖွဲ့က ဆွေးနွေးပွဲမှာ အကြံပြုခဲ့ ပါတယ်။

ဒီနေ့ တေ့ွဆုံပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် မရှိတဲ့အတွက် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး က ဦးဆောင်ပြီး တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

မစ္စယန်ဟီးလီဟာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့မှာ ရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေကို မနက်ဖြန် သွားရောက်ဖို့ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။