မစ္စယန်ဟီးလီနဲ့ ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေး ပူးပေါင်းကော် မတီ တွေ့ဆုံ
2017.07.10

အရပ်ဖက်အဖွဲ့ ၂၁ဖွဲ့ ပါဝင်တဲ့ ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေးနဲ့ ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ခဲ့တဲ့ ဆက်သွယ်ရေးဥပဒေပြင်ဆင်တဲ့ မူကြမ်းကို အမြန်ဆုံးအတည်ပြုတာမလုပ်ဖို့ လွှတ်တော်အကြီးအကဲတွေထံ တိုက်တွန်းပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်မစ္စ ယန်ဟီးလီနဲ့ တွေ့ဆုံစဉ် တောင်းဆိုလိုက်ပါတယ်။
ရန်ကုန်မြို့က ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးမှုအဖွဲ့ UNDP ရုံးမှာ ဒီနေ့ နေ့လည်ပိုင်းက တွေ့ဆုံစဉ် တောင်းဆို ခဲ့တာဖြစ်တယ်လို့ ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေးနဲ့ ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အဖွဲ့ဝင် မဝေဖြိုးမြင့် က ပြောပါတယ်။
"ဆက်သွယ်ရေးဥပဒေမူကြမ်းက အချက်အလက် ၄ ခုပဲပါတယ်ပေါ့နော်၊ အဲဒါကမပြည့်စုံဘူး၊ နောက်တစ်ခု တကယ်တန်းဖြစ်နေတဲ့ လူ့အခွင့်အရေးပြဿနာတွေကို ဘာမှမဖြေရှင်းနိုင်သေးဘူးဆိုတဲ့ အနေအထားရှိတယ်"
မစ္စယန်ဟီးလီနဲ့ တွေ့ဆုံဖို့ ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေးနဲ့ ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ က တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ပူးပေါင်းကော်မတီမှာ မြန်မာသတင်းသမားများကွန်ရက် MJN ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း MJA ၊ မြန်မာစာနယ်ဇင်းသမဂ္ဂ MJU ၊ မြန်မာသတင်း သမားများ ကာကွယ်စောင့်ရှောက်ရေး ၂၁ ဦးကော်မတီအဖွဲ့၊ PEN Myanmar ၊ ညီမျှခြင်းမြန်မာ၊ ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုသေတနအဖွဲ့၊ Generation Wave စတဲ့အဖွဲ့တွေ ပါဝင်ပါတယ်။
မစ္စယန်ဟီးလီဟာ မနေ့ညက ရန်ကုန်မြို့ကိုရောက်ရှိတာဖြစ်ပြီး ရခိုင်ပြည်နယ် ၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည် နယ်တွေကိုသွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။
ဒီတကြိမ် မြန်မာနိုင်ငံကိုလာရောက်တာ ၆ ကြိမ်မြောက်ဖြစ်ပြီး နောက်ဆုံးအကြိမ် လာရောက်တာ ဖြစ်တယ် လို့လည်း သိရပါတယ်။
မစ္စယန်ဟီးလီဟာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ရှိ၊ မရှိ တေ့ွရှိချက်တွေကို လာမယ့် အောက် တိုဘာလ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်ပြမှာ ဖြစ်ပါတယ်။