မစ္စယန်ဟီးလီ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေ


2017.02.20
yangheelee-620.jpg ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ဆက်စပ်ပြီး လေ့လာဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီကနေ့ ရောက်ရှိနေပါတယ်။

မစ္စယန်ဟီးလီရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်ဟာ ဒီနေ့ကနေ ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ ၄ ရက်ကြာမြင့်မှာဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံး က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

အဲဒီကြေညာချက်အရ မစ္စယန်ဟီးလီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့တ်ဘဇားနဲ့အနီးတဝိုက်ကို သွားရောက်မှာဖြစ်ပြီး ပြီးခဲ့တဲ့ ၅လအတွင်း မြန်မာနိင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာ သူတွေနဲ့တွေ့ဆုံသွားမယ်လို့လည်း ပါရှိပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၃ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး က ဘင်္ဂလားဒေ့ရ်ှဘက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့ တွေ့ဆုံမေးမြန်း ထားတာတွေနဲ့ ပတ်သက်ပြီး အစီရင်ခံ စာတစ်စောင် ထုတ်ပြန်ထားပါတယ်။

အဲဒီအစီရင်ခံစာအရ ထွက်ပြေးလာသူတွေထဲက လူပေါင်း ၂၀၀ ကျော်ကို မေးမြန်းထားတာဖြစ်ပြီး ပြောဆိုချက်တွေ အရ အမျိုးသမီးတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အဓမ္မပြုကျင့်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ သတ်ဖြတ် မှုတွေ၊ မီးရှို့သတ်ဖြတ်တာတွေအထိ ရှိတယ်လို့ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။