ရိုဟင်ဂျာအရေး အီရန်ဝန်ကြီး ကုလသမဂ္ဂကို စာရေး


2017.01.07
iran-foreign-affairs-minister-620.jpg အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif မိုဟာမက် ဂျာဗက် ဇာရိဖ် ကို တွေ့ရစဉ်
.

အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif မိုဟာမက် ဂျာဗက် ဇာရိဖ် က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres အန်တိုနီယို ဂူးတရက်စ်ထံကို မနေ့က စာတစ်စောင်ရေးသားပြီး ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေရဲ့အခြေအနေ ပိုမိုကောင်းမွန်ရေးအတွက် အလေးအနက် ဖြေရှင်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။

အဲဒီပေးစာမှာ မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာ့လူ့ဘောင်အသိုင်းအဝိုင်းထဲ ပြန်ဝင် ဆံ့အောင် ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးဖို့ နိုင်ငံတကာက မျှော်လင့်နေကြောင်းနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ တိကျခိုင်မာတဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

ရိုဟင်ဂျာတွေ လူ့အခွင့်ရေးကင်းမဲ့စွာ ဖိနှိပ်ညင်းပန်းခံရလို့ တဖက်နိုင်ငံကို ထွက်ပြေးကြနေရတာဟာ ကုလသမဂ္ဂ ရဲ့ပဋိုဉာဏ်ကို ချိုးဖေါက်ခံရတာဖြစ်ကြောင်း၊ နှစ်ပေါင်းရာချီ နေထိုင်ခဲ့တဲ့ ဒေသကို စွန့်ခွာထွက်ပြေးနေရတဲ့ ရိုဟင်ဂျာမွတ်စလင်ပြဿနာဟာ မြန်မာပြည်ရဲ့ တည်ငြိမ်အေးချမ်းမှုကိုသာမက အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတစ်ခုလုံး ကိုပါ ထိခိုက်စေကြောင်း၊ ရိုဟင်ဂျာမွတ်စလင်တွေ နှိပ်စက်ခံနေရတာကို မြန်မာအစိုးရအနေနဲ့ ရပ်ဆိုင်းစေ လိုကြောင်းနဲ့  နိုင်ငံတကာက အခုလို ဆန္ဒရှိတာကို ကုလသမဂ္ဂအနေနဲ့ မြန်မာ အစိုးရကို ပြောကြား အသိပေးစေလိုကြောင်း စသဖြင့် အီရန် နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif မိုဟာမက် ဂျာဗက် ဇာရိဖ်ရဲ့ ပေးစာမှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။