သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-06-02
ပြည်တွင်းရွှေစျေးကွက်အတွင်း စျေးနှုန်းမတည်မငြိမ်ဖြစ်အောင်လုပ်တဲ့ ရွှေဆိုင်လုပ်ငန်းရှင်တွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
2024-06-02
လျှပ်စစ်မီးပုံမှန်မရတာကြောင့် ရန်ကုန်မြို့မှာရှိတဲ့ စက်မှုဇုန်တွေက လုပ်ငန်းအချို့ ရပ်နားထားရသလို မီးစက်နဲ့ လည်ပတ်နေရသူတွေလည်း ကုန်ကျစရိတ် မြင့်တက်လာတာကြောင့် ထုတ်ကုန်တွေ စျေးတင်ရလာပြီး စားသုံးသူတွေကိုပါ အခက်အခဲဖြစ်စေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
2024-06-02
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ မေလကုန်အထိ ငါးလအတွင်း RFA က ပြုစုထားတဲ့စာရင်းအရ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သားခုနစ်ရာခန့်သေဆုံးပြီး ၁၅၀၀ ခန့် ဒဏ်ရာရခဲ့ပါတယ်။
2024-06-02
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာရှိတဲ့ ကျေးရွာ ၁၆ ရွာက ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၆ ဦးဟာ ပြီးခဲ့တဲ့ ဧပြီလကတည်းက နုတ်ထွက်စာတင်ထားပေမဲ့ ဒီနေ့အထိ စစ်ကောင်စီဘက်က ခွင့်မပြုဘူးလို့ ဒေသခံတွေက ပြောပါတယ်။
2024-06-02
စစ်ကောင်စီရဲ့ မြန်မာ့အလင်းသတင်းစာမှာ ဇွန်လ ၂ ရက်နေ့ ဖော်ပြချက်အရ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်းကကျောင်းတွေမှာ ကျောင်းအပ်နှံသူ ခြောက်သန်းကျော် (၆.၂ သန်းကျော်) ရှိနေပါတယ်။
2024-06-02
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ မြသီတာကျေးရွာမှာ ဇွန်လ ၁ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးကြီးတစ်ဦး သေဆုံးပြီး ကလေးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-06-02
၂၀၂၄ နှစ်ဆန်းပိုင်းကတည်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့တာကြောင့် ထွက်ပြေးခဲ့ရတဲ့ မန္တလေးတိုင်း မတ္တရာ၊ သပိတ်ကျင်းနဲ့ ပြင်ဦးလွင်မြို့နယ်ထဲက ဒေသခံရှစ်ထောင်ကျော်ဟာ လက်ရှိမှာ နေထိုင်ရေးရော စားဝတ်နေရေးပါ ခက်ခဲနေပြီလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။
2024-06-02
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာနေထိုင်နေတဲ့ ANP လူငယ်ခေါင်းဆောင်ဟောင်း ဂန်ဘာရီ (ခ) ကိုခင်ဝင်းမောင်နဲ့ ရခိုင်လူငယ်သုံးဦးတို့ မေလ ၃၁ ရက်နေ့ ည ၈ နာရီမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2024-06-01
ဗိုလ်ချုပ်ကြီးတင်ဦးဟာ ဗိုလ်ချုပ်အောင်ဆန်းကို အင်မတန် လေးစားကြည်ညိုသူဖြစ်ပြီး ဒီမိုကရေစီစနစ်ကို ယုံကြည်မြတ်နိုးသူ ဖြစ်ပါတယ်။
2024-06-01
ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဇွန်လ ၁ ရက်နေ့က လူနေအိမ်တွေနဲ့ စျေးဆိုင်ခန်းတွေအပါအဝင် နှစ်ရာနီးပါး မီးလောင်ခဲ့တာကြောင့် လူ ၁၂၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
2024-06-01
ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ တစ်သန်းကျော်ကို မြန်မာပြည်ပြန်ပို့နိုင်ရေးအတွက် ဝိုင်းဝန်းညှိနှိုင်း ဆောင်ရွက်ဖို့ ကုလသမဂ္ဂကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud က တိုက်တွန်းလိုက်ပါတယ်။
2024-06-01
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာအနီးက ကံပြင်ရွာသစ်နဲ့ ရွာဟောင်းကို ဗျိုင်းဖြူရွာမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ သွားရောက်မီးရှို့တာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဇွန် ၁ ရက်နေ့ညက ပြောပါတယ်။
2024-06-01
ပဲခူးတိုင်း ညောင်လေးပင်ခရိုင်နဲ့ မွန်ပြည်နယ်သထုံခရိုင်မှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးတစ်ဦးအပါအဝင် ငါးသေဆုံးခဲ့ပြီး ကိုးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဇွန်လ ၁ ရက်နေ့မှာ KNU ဗဟိုက ထုတ်ပြန်လိုက်ပါတယ်။
2024-06-01
ဆီဆိုင်မြို့နယ်မှာ မေလအတွင်း စစ်ကောင်စီတပ်တွေနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေ စစ်ကြောင်းထိုးတာကြောင့် ပြည်သူ (၁၃,၀၀၀) ကျော် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
2024-06-01
ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမြို့နယ်ကို ဇွန် ၁ ရက်နေ့ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးတစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့ပါတယ်။