သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-04-03
မြန်မာစစ်တပ်ရဲ့ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်စေဖို့ စစ်ကောင်စီကို လက်နက်ရောင်းချမှုအားလုံး တားဆီးပိတ်ပင်ဖို့ ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။
2024-04-03
မြန်မာနိုင်ငံသားတွေကို ရေလမ်းခရီးကနေ ပြန်ပို့မှာဖြစ်ပြီး လာမယ့်သီတင်းပတ် ပင်လယ်ပြင်မှာလှိုင်းလေငြိမ်တဲ့အချိန်မှာ ပြန်ပို့မှာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
2024-04-03
စစ်တွေမြို့နယ် ခေါင်းဒုက္ကာ ကျေးရွာအုပ်စုအတွင်းက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေထံကနေ စစ်မှုထမ်းသူတွေကို ထောက်ပံ့ဖို့ဆိုပြီး စခန်းကော်မတီဝင်တွေက ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-04-03
ကိုးကန့်တပ်ဖွဲ့ MNDAA က မတ်လဆန်းပိုင်းမှာ ဖမ်းဆီးခဲ့တဲ့ ဒေသခံအမျိုးသားကို ဧပြီလ ၂ ရက် မနေ့ကမှ အလောင်းပြန်တွေ့ခဲ့တယ်လို့ သေဆုံးသူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2024-04-03
အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားခုနစ်ဦးကို အပြင်ကိုခေါ်ထုတ်သွားချိန် ထွက်ပြေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာ စစ်တပ်က ပစ်သတ်ခဲ့တယ်လို့ ပြောပါတယ်။
2024-04-03
မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၁၂၁ သန်းကူညီဖို့ အတည်ပြုပြီးနောက် အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံ ဒဲရစ်ချောလက်နဲ့ K3C လို့ခေါ်တဲ့ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံခဲ့တဲ့အပေါ် မြန်မာပြည်သူတွေကြား စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။
2024-04-03
မဘိမ်းမြို့နယ် မိုးလုံးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ရဟန်းတစ်ပါးနဲ့ ကလေးတွေအပါအဝင် အရပ်သားခြောက်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-04-03
အရင်က ရေလုပ်ငန်းလုပ်ကိုင်ခဲ့တဲ့ ကိုထွန်းဇော်ကတော့ အသက်အန္တရာယ်များတဲ့ အုန်းပင်တက်တဲ့အလုပ်ကို စိတ်ကုန်နေပေမယ့် စားဝတ်နေရေးအတွက် မစွန့်လွှတ်နိုင်သေးပါဘူး။
2024-04-03
ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့မှာ ဧပြီလ ၂ ရက်နေ့ ညပိုင်းက မြို့ရဲ့စည်ပင်သာယာဈေး မီးလောင်မှုဖြစ်ပွားတာကြောင့် ဆိုင်ခန်းပေါင်း ၄၃၅ ခန်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-04-03
ရန်ကုန်နဲ့ မန္တလေးမြို့တွေက ရွှေဆိုင်နဲ့ ရွှေသန့်စင်လုပ်ငန်း လုပ်ငန်းခုနစ်ခု ညွှန်ကြားချက် မလိုက်နာတာကြောင့် အရေးယူထားတယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ရွှေနဲ့ ငွေကြေးဈေးကွက် ကြီးကြပ်ရေးကော်မတီက ဧပြီလ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
2024-04-03
သေဆုံးသူ ၅၅ ဦးအပြင် ဒဏ်ရာရသူ ၆၈ ဦးရှိခဲ့ပြီး တိုက်ပွဲအတွင်း နေအိမ်၊ အဆောက်အအုံ ၅၇၁ ခု ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
2024-04-03
ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ် ညောင်ပင်အင်းရွာက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူတို့ ဧပြီလ ၂ ရက်နေ့ ညပိုင်းမှာ သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-04-03
ကချင်ပြည်နယ် လွယ်ဂျယ်မြို့ကို KIA က အပြီးသတ်သိမ်းပိုက်ထားတာ မရှိပေမဲ့ ဧပြီလ ၂ ရက်နေ့ကစလို့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာလည်ပတ်မှုတွေ အားလုံးရပ်ဆိုင်းသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
2024-04-03
မင်းပြားမြို့နယ် မြစ်နားရွာကို ဧပြီ ၃ ရက် မနက်အစောပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ အမျိုးသမီး သုံးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
2024-04-03
စစ်မှုထမ်းစာရင်း မကောက်ယူလိုတဲ့အတွက် ညောင်ရွှေမြို့နယ်က ကျေးရွာ အုပ်ချုပ်ရေးမှူး နှစ်ဦးနဲ့ ရာအိမ်မှူးနှစ်ဦး နုတ်ထွက်သွားတယ်လို့ အင်းလေးဒေသတရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့ (JMC-I) က ဧပြီ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။