မြန်မာတပ်ဖွဲ့ဝင် ၁၈၀ ကို ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရ စီစဉ်နေ

RFA Burmese
2024.04.03
မြန်မာတပ်ဖွဲ့ဝင် ၁၈၀ ကို ပြန်ပို့ဖို့  ဘင်္ဂလားဒေ့ရှ်အစိုးရ စီစဉ်နေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးဝင်ရောက်သွားသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က နှစ်နိုင်ငံ အစိုးရ တွေ့ဆုံလွှဲအပ်စဉ်။
Citizen Journalist

ဘင်္ဂလားဒေ့ရှ်ဘက်မှာ လာရောက်ခိုလှုံနေတဲ့ နယ်ခြားစောင့်တပ်နဲ့ စစ်တပ်အရာရှိ စုစုပေါင်း ၁၈၀ ကို မြန်မာနိုင်ငံကိုပြန်ပို့ဖို့နဲ့ မြန်မာဘက်မှာပိတ်မိနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၇၀ ကို ပြန်လည်ခေါ်ယူဖို့ စတင်လုပ်ဆောင်နေပြီလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟာဆန်မာမတ်က ဧပြီလ ၂ ရက်က သတင်းထောက်တွေကိုပြောကြောင်း ဘင်္ဂလားဒေ့ရှ် BSS သတင်းဌာနက ဖော်ပြပါတယ်။

လက်ရှိမှာ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၇၇ ဦးနဲ့ စစ်တပ် အရာရှိသုံးဦး တို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှာ ခိုလှုံနေပြီး၊ သူတို့ကို ပြန်ခေါ်ဖို့ မြန်မာဘက်က သဘောတူညီထားပြီးဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးနဲ့ မြန်မာနိုင်ငံဘက်မှာ ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၇၀ ကိုလည်း ပြန်ပို့ပေးဖို့ မြန်မာအာဏာပိုင်တွေက သဘောတူထားကြောင်း သူက ပြောပါတယ်။

မြန်မာနိုင်ငံသားတွေကို ရေလမ်းခရီးကနေ ပြန်ပို့မှာဖြစ်ပြီး လာမယ့်သီတင်းပတ် ပင်လယ်ပြင်မှာလှိုင်းလေငြိမ်တဲ့အချိန်မှာ ပြန်ပို့မှာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကုလသမဂ္ဂအေဂျင်စီတွေကျင်းပတဲ့ ရိုဟင်ဂျာဒုက္ခသည် အရေးပူးတွဲ ဆောင်ရွက်မှု (JRP) အစည်းအဝေးကို ဝန်ကြီးဟာဆန်မာမတ် တက်ရောက်ခဲ့ရာမှာ အခုနှစ်အတွက် ရန်ပုံငွေရရှိမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အရင်နှစ်ကထက် ပိုကောင်းလာတယ် သတင်းထောက်တွေကို သူက ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။