သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-04
တစ်နိုင်ငံလုံးရှိ လိုင်စင်မဲ့ဆိုင်ကယ်တွေကို တရားဝင်လိုင်စင်ထုတ်ပေးဖို့ ရှိ မရှိ ပြည်သူ့လွှတ်တော်မှာ မေးမြန်းရာမှာ အစိုးရအနေနဲ့ ၉ ကြိမ်ဆောင်ရွက် ပြီး ဖြစ်တာကြောင့် ထပ်မံလုပ်ဆောင်ပေးဖို့မရှိကြောင်း ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က ဆွေးနွေးခဲ့ပါတယ်။
2016-06-04
ဆက်သွယ်ရေးခက်ခဲနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ GSM တာဝါ တိုင်ဆောက်လုပ်ဖို့စီစဉ်နေပြီး ၂၀၁၇ မတ်လမှာ အသုံးပြုနိုင်မှာဖြစ်သလို အော်ရီဒူးနဲ့ တယ်လီနော ဆက်သွယ်ရေး လုပ်ငန်းတွေကလဲ ၂၀၁၆ ဒီဇင်ဘာမှာ အသုံးပြုနိုင်အောင် စီစဉ်နေကြောင်း ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး က ပြည်သူ့လွှတ်တော်မှာဆွေးနွေးခဲ့ပါတယ်။
2016-06-04
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2016-06-03
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ကုန်းတ လဘောင်ကျေးရွာက ရတနာမာန်အောင် သီလရှင်စာသင်တိုက်မှာ ဆုံဆို့ကူး စက်ရောဂါ ဖြစ်ပွားနေတဲ့အတွက်ဆိုပြီး အဲ့ဒီကျောင်းတိုက်ကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဝင်ထွက်သွားလာတာကို ပိတ်ပင်ထားပါတယ်။
2016-06-03
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ GSM တယ်လီဖုန်းလိုင်းတွေအတွက် တာဝါ တိုင်တွေ ဆောက်လုပ်ဖို့ စီစဉ်နေကြောင်း နဲ့ လာမယ့်နှစ်မှာ အသုံးပြုနိုင် မှာဖြစ်ကြောင်း ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင် က လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
2016-06-03
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီမြို့နယ်၊ ပန်စုံကျေး ရွာက ဒေသခံ ၈ ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA (ဝမ်ဟိုင်း)အဖွဲ့နဲ့ ဆက်သွယ်လို့ဆိုပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နဲ့ သိန်းနီမြို့နယ်ရဲစခန်းမှာ အမှု ဖွင့်အရေးယူထားပါတယ်။
2016-06-03
နယ်စပ်ကနေ တရားမဝင် တင်သွင်းလာတဲ့ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ မော်တော် ယာဉ်တွေနဲ့ ပြည်တွင်းမှာရှိတဲ့ လိုင်စင်မဲ့ ယာဉ်တွေကို စီမံချက်ချပြီး ဖမ်းဆီးအရေးယူ သွားမှာဖြစ်ကြောင်း ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က ပြည်သူ့လွှတ်တော်မှာ ပြောခဲ့ပါတယ်။
2016-06-03
နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက်တဲ့ အဓိပ္ပာယ် ဖွင့်ဆိုဖို့ မရှိတဲ့အကြောင်း ဖြေဆိုပုံဟာ ပထမအကြိမ်လွှတ်တော်နဲ့ ခု ဒုတိယအကြိမ်လွှတ်တော်နဲ့ အတော်လေးတူညီနေတာ တွေ့ရှိရပြီး ဒီအဓိပ္ပာယ်ဖွင့်ဆို ချက်ပေါ်ပေါက်လာရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတာ အသိအမှတ်ပြုပြီး လွှတ်ပေးဖို့ AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2016-06-03
အသွင်ကူးပြောင်းမှု နောက်တဆင့် တက်လှမ်းတဲ့ မြန်မာနိုင်ငံကို ရှေ့ဆက် ပူးပေါင်းကူညီမယ်မယ်လို့ EU- ဥရော ပကော်မရှင်ဆိုင်ရာ အဆင့်မြင့်ကိုယ်စား လှယ်က ပူးပေါင်းဆက်သွယ်ရေးဆိုင်ရာ ကြေညာချက် တစ်စောင် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2016-06-03
တစ်နိုင်ငံလုံးအပစ်အခပ်ရပ်စဲရေးစာချုပ် NCA လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံပွဲ အပေါ် မျှော်လင့်တာထက်ပိုမို အားရကျေ နပ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း က RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2016-06-03
ဧည့်စာရင်းတိုင်ကြားခြင်းဆိုင်ရာ ဥပဒေတွေကို အမျိုးသားလွှတ်တော်မှာ ဒီနေ့ မဲခွဲဆုံးဖြတ်ပြီး အများစုကပယ်ဖျက်ဖို့ ဆန္ဒပြုတဲ့အတွက် ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2016-06-03
ကျောက်မျက်လုပ်ငန်းရှင်များအသင်း ရန်ပုံငွေထဲက အမေရိကန်ဒေါ်လာ ၅ သန်း ကို ရယူထားခြင်းမရှိကြောင်းနဲ့ ယူတယ်လို့ စစ်ဆေးတွေ့ ရှိရင် သေဒဏ်ပေးနိုင်ကြောင်း သမ္မတရုံးဝန်ကြီးဟောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းက ပြော ပါတယ်။
2016-06-03
၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့အဖွဲ့ဟာ ထိုင်းနိုင်ငံ ချင်းမိုင် မြို့မှာ အပစ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးထားခြင်း မရှိသေးတဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ ခေါင်းဆောင်တွေနဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။
2016-06-03
မန္တလေးတိုင်း ပလိပ်မြို့မှာရှိတဲ့ ပန်ဒါ ချည်မျှင်အထည်နဲ့ အချောကိုင်စက်ရုံမှာ တစ်ပတ်ကို အလုပ်ပိတ်ရက် ၂ ရက် မသတ်မှတ်ပေးတဲ့အတွက် အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်ကို အလုပ်ရှင်ဘက်က ဖောက်ဖျက်နေ တယ်ဆိုပြီး အလုပ်သမား ၃၀၀ ကျော်က ဒီနေ့ဆန္ဒပြကြ ပါတယ်။
2016-06-03
ကြံခင်း-ပခုက္ကူ မီးရထားလမ်းဖောက် လုပ်မှုကြောင့် လယ်ယာမြေသိမ်းယူခံရတဲ့ မြို့နယ် ၄မြို့နယ်ကို လာမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ တပြိုင်တည်း လျော်ကြေးပေးဖို့ စီစဉ်သွားမယ် လို့ ပြောပါတယ်။