မင်္ဂလာဒုံမှာ ဆုံဆို့နာဖြစ်ပွား


2016.06.03
nunnery-620.jpg ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ကုန်းတလဘောင်ကျေးရွာက ရတနာမာန်အောင် သီလရှင်စာသင်တိုက်ကို ဇွန်လ ၃ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ကုန်းတလဘောင်ကျေးရွာက ရတနာမာန်အောင် သီလရှင်စာသင်တိုက်မှာ ဆုံဆို့ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့အတွက်ဆိုပြီး အဲ့ဒီကျောင်းတိုက်ကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဝင်ထွက်သွားလာတာကို ပိတ်ပင်ထားပါတယ်။

ကျောင်းတိုက်အတွင်းက သံဃာတော်တွေနဲ့ သီလရှင်တွေကို အပြင်မထွက်ဖို့နဲ့ အပြင်ကလည်း ကျောင်းတွင်းကို မဝင်ရောက်ဖို့ မင်္ဂလာဒုံမြို့နယ် ကျန်းမာရေးဦးစီးမှူးက တားမြစ်ထားတယ်လို့ ကုန်းတလဘောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအုန်းမြင့်က ပြောပါတယ်။

"ဆရာဝန် ဆရာမတွေကနေပြီးတော့ အဲ့ဒီမှာကူးစက်ရောဂါပေါ့လေ ဆုံဆို့ကူးစက်ရောဂါဖြစ်နေတဲ့အတွက် ဒါကိုအုပ်ချုပ်ရေးမှူကလည်း ကူညီပြီးဆောင်ရွက်ပေးပါဆိုလို့ ကျနော်လည်း လူဝင်လူထွက်မရှိအောင်လို့ ကျနော်တို့အနေနဲ့ ရာအိမ်မှူးတွေနဲ့နေပြီးတော့ လမ်းတွေကိုပိတ်ဆို့ထားတယ်၊ လိုအပ်အကူအညီရှိရင် လည်းပြောပါဆိုပြီး သူတို့လည်း လိုအပ်တဲ့အကူအညီကိုလည်း ကျနော်တို့ ဆောင်ရွက်ပေးခဲ့ပါတယ်"

ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့က အဲ့ဒီကျောင်းတိုက်က သီလရှင်ဆရာလေးတစ်ပါး သေဆုံးခဲ့ရာမှာ မှု့ခင်းဆရာဝန်က ဆုံဆို့ကူးစက်ရောဂါကြောင့်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ သီလရှင်းကျောင်းတိုက်မှာ နေထိုင်သူတွေကို မြို့နယ် ကျန်းမာရေး ဦးစီးဌာနက နေ့စဉ်ကာကွယ်ဆေး တိုက်ကျွေးနေပါတယ်။

ဆုံဆို့ကူးစက်ရောဂါဆိုရင် ကာကွယ်ဆေးကို ၁ဝ ရက်တိတိ နေ့စဉ်သောက်ရင် ရောဂါပျောက်ကင်းတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးမှူးက ပြောပါတယ်။

အဲ့ဒီကျောင်းတိုက်မှာ သံဃာတော်တွေနဲ့ သီလရှင် စုစုပေါင်း ၅၈ ပါး သီတင်းသုံးတာ ဖြစ်ပါတယ်။

RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။