တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲ အားရကြောင်း ဒေါက်တာတင်မျိုးဝင်း ပြောကြား
2016.06.03
၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့အဖွဲ့ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အပစ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးထားခြင်း မရှိသေးတဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ ခေါင်းဆောင်တွေနဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒေါက်တာ တင်မျိုးဝင်းက တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီးနောက် ငြိမ်းချမ်းရေးအတွက် အရင်ကထက် ပိုမိုအားရမိကြောင်း RFA ကိုပြောပါတယ်။ ဒေါက်တာ တင်မျိုးဝင်းနဲ့ ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းခဲ့တာကို နားဆင်ပါ။