သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-07-26
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း(၁၊၂၊၃) ရပ်ကွက်မှာရှိတဲ့ ဘိုးဘွားပိုင်မြေနေရာတွေပြန်ရဖို့ မနေ့ကမြို့တော်ခန်းမရှေ့ ဆန္ဒပြပွဲတောင်းဆိုပွဲကို ဦးဆောင်စီစဉ်ခဲ့သူ ဦးစိန်သန်းနဲ့ ကိုထင်ကျော် တို့ကို ကျောက်တံတားမြို့နယ်ရဲစခန်း စခန်းမှူးက တရားလိုပြုလုပ်ပြီး ပုဒ်မ(၁၈)နဲ့ အမှုဖွင့်အရေးယူ လိုက်ပါတယ်။
2013-07-26
ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅(ခ)နဲ့ တရားစွဲခံထားရတဲ့ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ)အဖွဲ့ဝင် ကိုရဲမင်းဦးကို ဒီနေ့ဗဟန်းမြို့နယ် တရားရုံးက အာမခံပယ်ချလိုက်ပါတယ်။
2013-07-26
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စာချုပ်သစ်မှာ ပါတဲ့အတိုင်း တရုတ်ဝမ်ပေါင် ကုမ္ပဏီအနေနဲ့ လေး စားလိုက်နာသွားမှာဖြစ်ပြီး စာချုပ်ပါအချက်လက်တွေ အတိုင်း အကောင်ထည်ဖော် ဆောင်ရွက်သွားမယ်လို့ ဝမ်ပေါင်ကုမ္ပဏီမှ မန်းနေးဂျင်း ဒါရိုက်တာ မစ္စတာ Gen Yi ဂန်းယီက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
2013-07-26
ထိုင်းနိုင်ငံမှာ အခြေခံ လုပ်အားခတွေ တိုးမြှင့်သတ်မှတ်လိုက်တဲ့အတွက် ထိုင်းအလုပ်ရုံတစ်ချို့ဟာ အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံ ကို ပြောင်းရွှေ့လုပ်ကိုင်ကြဖို့ စီစဉ်နေကြပါတယ်။
2013-07-25
ပြင်သစ်ကုန်သွယ်ရေးဝန်ကြီးနဲ့ အဖွဲ့ ဟာ မြန်မာနိုင်ငံကိုလာမယ့် သီတင်းပတ် အတွင်း ရောက်ရှိမယ်လို့ ပြင်သစ်ကုန်သွယ်ရေးဝန်ကြီးရုံးက ထုတ်ပြန်ကြေညာပါတယ်။ ပြင်သစ် ကုန်သွယ်ရေးဝန်ကြီး Nicole Bricq ဟာ ဇူလိုင်လ ၃ဝ နဲ့ ၃၁ ရက်အ တွင်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်မှာဖြစ်ပြီး၊ သူနဲ့အတူ ပြင်သစ်အငယ်စားနဲ့ အလတ်စား စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ဝင် ၁၅ ဦးလည်း လိုက်ပါလာမယ်လို့ သိရပါတယ်။
2013-07-25
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှု စာချုပ်အသစ် ပြန်လည်ချူပ်ဆိုလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီအရင်ခံစာ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဌဖြစ်သူ သမ္မတရုံးဝန်ကြီး ဦးလှထွန်းကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2013-07-25
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လုပ်ငန်းကော်မတီတစ်ခုဖြစ်တဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးကော်မတီ ဟာ ပြည်နယ်တွေမှာ အောက်ခြေအဆင့် အလုပ်အဖွဲ့တွေကို စတင်ဖွဲ့စည်းတော့မယ်လို့ သိရပါတယ်။
2013-07-25
ဧရာဝတီတိုင်း မြောင်းမြမြို့နယ် ပျဉ်ရွာမှာ မနေ့ညနေ ၆ နာရီဝန်းကျင်က လေပြင်း တိုက်ခတ်ခဲ့တာကြောင့် တိုက်နယ် စာသင်ကျောင်းရဲ့ အမိုးတွေ ပျက်စီးသွားပြီး၊ ည ၁ဝ နာရီ ဝန်းကျင်မှာတော့ ရွာနဘေးက ရွေးမြစ်မှာ ကမ်းပါးပြိုကျ ခဲ့တယ်လို့ သိရပါတယ်။
2013-07-25
မန္တလေးမြို့မှာရှိတဲ့ သမိုင်းဝင် ရွှေကျောင်း ကို ပြုပြင်ထိန်းသိမ်းရေးအတွက် အမေရိကန်နိုင်ငံအခြေစိုက် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ သံအမတ်တွေရဲ့ ရန်ပုံငွေအဖွဲ့ Ambassador Fund for Cultural preservation AFCP ရဲ့ ကူညီထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၅ သိန်း နဲ့ ဆောင်ရွက်သွားမယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေက ဒီကနေ့ ပြောကြားလိုက် ပါတယ်။
2013-07-25
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ဖို့ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို လွှတ်တော် ကိုယ်စားလှယ် ၁ဝ၉ ဦးနဲ့ ဖွဲ့စည်း လိုက်ပြီလို့ ပြည်ထောင်စု လွှတ်တော်က ဒီနေ့အတည်ပြု ကြေညာလိုက်ပါတယ်။
2013-07-25
အထက်အညာဒေသမှာ ရင်ဆိုင်နေရတဲ့ သောက်သုံးရေရှား မှု ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အနုပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပန်းရဲ့လမ်းဂီတအဖွဲ့ဟာ ဒီနေ့ကစပြီး ကျောက်ပန်း တောင်း၊ ပုဂံ၊ ညောင်ဦးနဲ့ မြင်းခြံ မြို့နယ်တွေမှာ ဖျော်ဖြေရေး အလှူခံပွဲတွေ စတင်နေပါတယ်။
2013-07-25
ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့က မန္တလေး၊ မဟာအောင်မြေမြို့နယ် မစိုးရိမ်ကျောင်းတိုက် နာယကဆရာတော် ဦးဝီရသူရဲ့ တရားပွဲအနီးမှာ လက်လုပ်ဗုံးပေါက်ကွဲခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သံသယရှိသူနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
2013-07-25
ကိုလိုနီခေတ် လက်ကျန်အဆောက် အဦးတွေဖြစ်တဲ့ ဝန်ကြီးဌာနရုံးဟောင်း ၄ လုံးကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေထံ လွဲှပြေင်းပေးပြီး ဟိုတယ်လုပ်ငန်းတွေအဖြစ် ပြောင်းလဲအသုံးပြုသွားမယ် လို့ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင် အကြီးအကဲတွေက ဒီနေ့ပြောလိုက်ပါတယ်။
2013-07-24
ပြန်ကြားရေးဝန်ကြီးဌာနကရေးဆွဲ ပြီး ပြည်သူ့လွှတ်တော်မှာ အတည်ပြု လိုက်တဲ့ ပုံနှိပ်ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက တာဝန်ရှိ သူတွေ၊ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ ဒီကနေ့ နေပြည်တော် မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
2013-07-24
ကချင်ပြည်နယ်မှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ကချင် အမျိုးသမီး Laphai Seng Raw ကို ဖိလစ်ပိုင်နိုင်ငံ က ခေါင်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဆုဖြစ်တဲ့ Magsaysay ဆုကို ချီးမြင့်လိုက်ကြောင်း ဖိလစ်ပိုင် အခြေခံစိုက် မက်ဆေးဆေးဖောင်ဒေးရှင်းက ဒီကနေ့ ကြေညာလိုက်ပါတယ်။