၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင် ဖို့ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်း


2013.07.25
parliamentary-305 နိုဝင်ဘာလ ၂၁ ရက်နေ့တွင်ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကိုတွေ့ရစဉ်
Photo: RFA

ဝဝ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင် ဖို့ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို လွှတ်တော် ကိုယ်စားလှယ် ၁ဝ၉ ဦးနဲ့ ဖွဲ့စည်းလိုက်ြပီလို့ ပြည်ထောင်စု လွှတ်တော်က ဒီနေ့အတည်ပြု ကြေညာလိုက်ပါတယ်။

တိုင်းပြည်ကို ဒီမိုကရေစီပန်းတိုင်ကို ရောက်အောင် သွားမယ်ဆိုရင် ဒီမိုကရေစီနည်းလမ်းကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်မယ့် ပြင်ဆင်ချက် မျိုးတွေပါဝင်အောင် လွှတ်တော် ကိုယ်စားလှယ် အားလုံးမှာ တာန်ရှိတယ်လို့ ပုသိမ်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးင်းမြင့်က RFA ကို ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာက တိုင်းပြည်ရဲ့အသက်ပေါ့၊ ဥပဒေမှာက ဒီမိုကရေစီနည်းဖြစ်မှ ကျန်တဲ့ဥပဒေတွေက ဒီမိုကရေစီနည်းဖြစ်မှာ၊ အဲဒီဥပဒေအရ အုပ်ချုပ်တယ်၊ တရားစီရင်တယ်၊ ဥပဒေပြုတယ်ဆိုတာက အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေက ဒီမိုကရေစီကျမှ ကျန်တဲ့အုပ်ချုပ်ရေးပိုင်းရော၊ တရားစီရင်ရေးပိုင်းရော၊ ဥပဒေပြုရေးအပိုင်းရော ဒီမိုကရေစီကျမှာ၊ ဒါကြောင့်မို့လို့ ဒီကောင်မတီအနေနဲ့ ကျန်တဲ့ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေအားလုံး တိုင်းပြည်ကို တကယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်မယ်၊ ဒီမိုကရေစီရောက်အောင်သွားမယ်ဆိုရင် ဒီမိုကရေစီနည်းကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်မျိုးဖြစ်အောင် အားလုံးမှာတာဝန်ရှိပါတယ်”

ပြီးခဲ့တဲ့ ဆဌမအကြိမ်မြောက် ပြည်ထောင်စု လွှတ်တော် အစည်းအေးမှာ က်လက် မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့်က ဝဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့နဲ့ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းဖို့ အဆိုကိုတင်သွင်းပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။

လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရာမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် လွှတ်တော်နှစ်ရပ်လုံးက ကိုယ်စားလှယ်အရေအတွက် တူညီစွာပါင်ပြီး လွှတ်တော်အတွင်းမှာရှိတဲ့ နိုင်ငံရေး ပါတီတွေက အနည်းဆုံး ကိုယ်စားလှယ်တစ်ဦးစီ အချိုးကျပါင် ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဒီကော်မတီဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကဲခတ်ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေရဲ့အမြင်တွေကို ကိုနေရိန်ကျော်က စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အလားတူပဲ  အဲဒီကော်မတီမှာပါဝင်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ကိုလဲ ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။