ပုံနှိပ်ဥပဒေကြမ်း ပြင်ဆင်နိုင်ရေး ကို ဆွေးနွေး
2013.07.24
ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲပြီး ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ပုံနှိပ်ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက တာဝန်ရှိသူတွေ၊ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ပေးပို့ထားတဲ့ ပြင်ဆင်သင့်တဲ့ အချက်တွေအပေါ် တင်ပြဆွေးနွေးတာဖြစ်တယ်လို့ စာနယ်ဇင်းကောင်စီ(ယာယီ) ရဲ့ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောပါတယ်။
ပြန်ကြားရေးဝန်ကြီးက ရေးဆွဲထားတဲ့ ပုံနှိပ်ဥပဒေကြမ်းဟာ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ပိတ်ပင်တားမြစ်ထားတယ်ဆိုပြီး စာနယ်ဇင်းသမားတွေက ကန့်ကွက်ခဲ့ကြပေမဲ့လည်း ဇူလိုင် ၄ ရက်နေ့မှာ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပါတယ်။
ဒီဥပဒေကြမ်းအပေါ် ဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့ စာနယ်ဇင်းကောင်စီ(ယာယီ)ရဲ့ အတွင်းရေးမှူး ဦးကျော်မင်းဆွေကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။