သမိုင်းဝင် ရွှေကျောင်း ပြုပြင် ထိန်းသိမ်းရေး သံအမတ်များ ရန်ပုံငွေအဖွဲ့ ကူညီ


2013.07.25
ambassador-mitchell-tour-shwe-nan-daw.JPG ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေနဲ့ အမေရိကန်နိုင်ငံ သံအမတ်ကြီး ဒဲရစ်မစ်ချယ်တို့ ဦးဆောင်တဲ့ အဖွဲ့ဟာ ဇူလိုင်လ ၂၅ ရက်နေ့က မန္တလေးမြို့မှာရှိ တဲ့ ရွှေကျောင်းတော်ကို သွားရောက်ခဲ့စဉ်
photo: U.S. Embassy Rangoon

မန္တလေးမြို့မှာရှိတဲ့ သမိုင်းဝင် ရွှေကျောင်းကို ပြုပြင်ထိန်းသိမ်းရေးအတွက် အမေရိကန်နိုင်ငံအခြေစိုက် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ သံအမတ်တွေရဲ့ ရန်ပုံငွေအဖွဲ့ Ambassador Fund for Cultural preservation AFCP ရဲ့ ကူညီထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၅ သိန်းနဲ့ ဆောင်ရွက်သွားမယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ယဉ်ကျေးမှုဝန်ကြီးဌာန  ဒုတိယဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး  ဒဲရစ်မစ်ချယ်တို့ ဦးဆောင်တဲ့အဖွဲ့ဟာ ဒီနေ့မနက်ပိုင်းက  မန္တလေးမြို့မှာရှိတဲ့ ရှေးမြန်မာ ဘုရင်တွေရဲ့ ရွှေကျောင်းတော်ကို  ရောက်ရှိလာခဲ့ချိန်မှာ ဒုဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

AFCP အဖွဲ့အနေနဲ့ ခုလိုငွေကြေးပိုင်းဆိုင်ရာ ကူညီမှုတွေအပြင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေအတွက် ပညာရှင်တွေပါ အကူအညီပေးသွားမယ်လို့ လည်း ပြောပါတယ်။

ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို လာမယ့် စက်တင်ဘာလမှာ စတင်မှာဖြစ်ပြီး ၂ဝ၁၅ ခုနစ်မှာ ပြီးဆုံးမှာဖြစ်ပါတယ်။ ရွှေကျောင်းကို ၁၈၈၃ ခုနှစ်မှာ သီပေါမင်းက စတင်တည်ထောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။