သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-06-24
ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာဒုက္ခသည်များ မြန်မာနိုင်ငံကို ပြန်လာနိုင်ဖို့ ပြည်ထောင်စုအစိုးရနဲ့ ကရင်ပြည်နယ် အစိုးရအဖွဲ့တွေက စီစဉ်လျက်ရှိပြီး လတ်တလော ကရင်ပြည်နယ်အတွင်း မြဝတီမြို့ကနေ ၁၃ မိုင်အကွာမှာရှိတဲ့ ဘေါကလိမှာ အိမ်ယာတွေ ဆောက်လုပ်ပေးထားတယ်လို့ သိရပါတယ်။
2013-06-24
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မြန်မာစားသောက်ဆိုင် ၃ ဆိုင်ဖွင့်လှစ်ပြီး အောင်မြင်တဲ့လုပ်ငန်းရှင်တစ်ဦးဖြစ်နေတဲ့ ဂန္ဓဝင်စားသောက်ဆိုင်ပိုင်ရှင် ကိုသီဟကို ဦးခင်မောင်စိုးက ဇွန်လ ၁၁ ရက်နေ့မှာ ခုလိုတွေ့ဆုံမေးမြန်းခဲ့ပါတယ်။
2013-06-23
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်စခန်း တစ်ခုကို အစိုးရတပ်က နောက်ဆုတ်ပေးဖို့ ဒီရက်ပိုင်းအတွင်းက တောင်းဆိုခဲ့ပေမယ့် SSPP/SSA အဖွဲ့က သဘောမတူဘူးလို့ သိရပါတယ်။
2013-06-23
ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း၊ စာရေးဆရာ ဦးနုရဲ့ ၁ဝ၆ နှစ်မြောက် မွေးနေ့မင်္ဂလာ အခမ်းအနားကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း၊ ချမ်းမြေ့ရိပ်သာမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့ပါတယ်။
2013-06-23
အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံမှာ ကျင်းပမယ့် ၈၈ မျိုးဆက်ကျောင်းသားများ ညီလာခံကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင် ၃ ဦး တက်ရောက်ဆွေးနွေးမယ်လို့ သိရပါတယ်။
2013-06-23
ပြည်တွင်း၊ ပြည်ပက ရခိုင်တိုင်းရင်းသားတွေပါဝင်တဲ့ ညီလာခံ ကျင်းပဖို့အတွက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ ခေါင်းဆောင်တွေဟာ စစ်တွေမြို့မှာ မြို့ခံတွေနဲ့ တနင်္ဂနွေနေ့က ဆွေးနွေးခဲ့ပါတယ်။
2013-06-23
ဒီအပတ် RFA တနင်္ဂနွေ စကားဝိုင်းမှာ အရှင်ဝီရသူ ဓါတ်ပုံနဲ့ Times မဂ္ဂဇင်းမှာ ဖော်ပြပါရှိတဲ့ မျက်နှာဖုံး ဆောင်းပါး အပါအဝင် မျက်မှောက် မြန်မာ့ နိုင်ငံရေး ပြဿနာ တချို့ကို နားဆင်ရမှာဖြစ်ပြီး ဦးခင်မောင်စိုးက စီစဉ် တင်ဆက်ထားပါတယ်။
2013-06-23
ဗြိတိန်နိုင်ငံရောက်နေတဲ့ ၈၈ မျိုးဆက် အဖွဲ့ဟာ မြန်မာ့အရေး လှုပ်ရှားသူတွေ၊ ဗြိတိန်ရောက် မြန်မာတွေနဲ့ တွေ့ဆုံပွဲကို ဆိုးအပ်စ်တက္ကသိုလ် SOAS University မှာ မနေ့ နေ့လည် က ပြုလုပ်ခဲ့ပါတယ်။
2013-06-22
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မူးယစ်ဆေးဝါး မှောင်ခိုသမားအဖြစ် သံသယရှိပြီး ဇွန်လ ၂ ရက်နေ့က ဖမ်းဆီးလိုက်တဲ့ မြန်မာနိုင်ငံက အသက် ၄၆ နှစ်အရွယ် ရွှေနု ဆိုသူကို ပြီးခဲ့တဲ့သောကြာနေ့က မြန်မာနိုင်ငံကို လွှဲပြောင်းပေးလိုက်တယ်လို့ ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက မနေ့က ဖော်ပြလိုက်ပါတယ်။
2013-06-22
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ကျည်စု အရှေ့ကျေးရွာမှာ မက်စ်မြန်မာ ကုမ္ပဏီက သိမ်းယူထားတဲ့ ဧက ၄ဝဝ နီးပါးရှိတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးအဖြစ် ကုမ္ပဏီဘက်ကနေ လယ်တစ်ဧကကို ကျပ်ငွေ သိန်း ၂ဝ နှုန်းနဲ့ မနေ့က ပေးလျော်ခဲ့တယ်လို့ သိရပါတယ်။
2013-06-22
မြန်မာနိုင်ငံမှာ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေ က ဒေါ်လာ ငွေဘီလျံပေါင်းစွာ ရင်းနှီးမြှုပ်နှံလာနိုင်တဲ့ အတွက် နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေ လိုအပ်တဲ့အခြေခံ အဆောက်အဦးတွေ ကောင်းမွန်လာပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြန်လည်တိုးတက်မှု ရရှိလာလိမ့်မယ်လို့ အမေရိကန်အခြေစိုက် Int’l Business Times အွန်လိုင်း စာစောင်က ဒီကနေ့ ဖော်ပြလိုက်ပါတယ်။
2013-06-22
ထိုင်းနိုင်ငံတောင်ပိုင်း တလန်ခရိုင် ကတန်မြို့နယ်က ဖက်ကျော်စင်လှေဆိပ် မှာ လှေပေါ်ကို ရောင်းစားခံရတော့ မယ့် မြန်မာနိုင်ငံသား ၁ဝ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင် ငံသားများအသင်း(MAT)အဖွဲ့နဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်းအဖွဲ့တွေက ဒီကနေ့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
2013-06-22
ကေအိုင်အို ကချင် လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရတို့ နောက်ဆုံးတွေ့ဆုံပွဲမှာ သဘော တူညီခဲ့တဲ့ အချက်တွေထဲက အတတ်ပညာရှင်အဖွဲ့ (Technical Team) ဖွဲ့စည်းရေးအတွက် (PCG) ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့က ကချင်ပြည်နယ် လူထုအခြေပြု အဖွဲ့အစည်း ခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ မြစ်ကြီးနားမြို့က စိန့်ပတ် ထရစ် ဘုရားကျောင်းမှာ ဒီကနေ့တွေ့ဆုံပြီး ရှင်းပြခဲ့ပါတယ်။
2013-06-22
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် တာဝန်ယူထားတဲ့ ပြည်ထောင်စုဝန်ကြီးအားလုံးကို အစိုးရအဖွဲ့ဝန်ကြီး တာဝန်ထမ်းဆောင်ချိန်အတွင်း ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖြစ် ကနေ ခေတ္တရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။
2013-06-22
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ နေထိုင်တဲ့ လယ်သမားတွေက သူတို့လယ်မြေတွေ အသိမ်းခံနေရတာနဲ့ ပတ်သက်ပြီး ဥပဒေဆိုင်ရာ အကြံဉာဏ်တွေရဖို့နဲ့ လယ်မြေတွေ ပြန်လည်လုပ်ကိုင်ခွင့်ရဖို့အတွက် ရှင်းလင်း တင်ပြပွဲတစ်ခုကို မနေ့နေ့လယ်က ပြုလုပ်ခဲ့ပါတယ်။