၈၈ မျိုးဆက်တွေနဲ့ ဗြိတိန်ရောက် မြန်မာတွေ တွေ့ဆုံ


2013.06.23

ဗြိတိန်နိုင်ငံရောက်နေတဲ့ ၈၈ မျိုးဆက်အဖွဲ့ဟာ မြန်မာ့အရေး လှုပ်ရှားသူတွေ၊ ဗြိတိန်ရောက် မြန်မာတွေနဲ့ တွေ့ဆုံပွဲကို ဆိုးအပ်စ်တက္ကသိုလ် SOAS University မှာ မနေ့ နေ့လည်ကပြုလုပ်ခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲနဲ့ပတ်သက်လို့ ကျေနပ်အားရမိတယ်လို့ ဗြိတိန်ခရီးစဉ်မှာပါဝင်တဲ့ ၈၈ မျိုးဆက်အဖွဲ့က မနီလာသိန်းကပြောပါတယ်။

"ကျွန်မတို့ ဒီနေ့ပွဲလေးကိုတွေ့တာ တော်တော်ဝမ်းသာဖို့ကောင်းပါတယ်၊ ကျွန်မတို့ရဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ရဲဘော်ရဲဘက်တွေကို ပြန်တွေ့ရသလို၊ ကျွန်မတို့ လွတ်မြောက်ရေးကို ထောက်ခံနေတဲ့ ဗြိတိန်နိုင်ငံသားတွေကိုလည်း တွေ့တော့ တကယ်ကို ဝမ်းသာပါတယ်"

ဟောပြောပွဲကို ဧည့်ပရိသတ် သုံးရာလောက် တက်ရောက်ခဲ့ပါတယ်။

ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈မျိုးဆက်အဖွဲ့နဲ့ဗြိတိန်ရောက် မြန်မာတွေ တွေ့ဆုံပွဲ ပြုလုပ်ခဲ့တဲ့အကြောင်းနဲ့ပတ်သက်လို့ ၈၈ မျိုးဆက်အဖွဲ့က မနီလာသိန်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။