လှည်းကူးက လယ်သမားတွေ ရှင်းလင်းပွဲလုပ်


2013.06.22

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာနေထိုင်တဲ့ လယ်သမားတွေက သူတို့လယ်မြေတွေ အသိမ်းခံနေရတာနဲ့ပတ်သက်ပြီး ဥပဒေဆိုင်ရာ အကြံဉာဏ်တွေရဖို့နဲ့ လယ်မြေတွေ ပြန်လည်လုပ်ကိုင်ခွင့်ရဖို့အတွက် ရှင်းလင်းတင်ပြပွဲတစ်ခုကို မနေ့နေ့လယ်က ပြုလုပ်ခဲ့ပါတယ်။

အဲဒီပွဲကို လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းရွာ ကျိုက်ကောင်း ဘုရားကျောင်းဓမ္မာရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး  လယ်သမားတွေရဲ့ ရှင်းလင်းပွဲနဲ့ပတ်သက်လို့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း  တောင်သူလယ်သမားရေးရာကော်မတီက မနုနုအောင်က RFA ကို အခုလိုပြောပါတယ်။

"စုစုပေါင်း ဧက ၁ဝဝဝ ကျော်တယ်၊ မင်းလွင်ကုန်းတစ်ခုတည်းကို ၅ဝဝ ကျော်တယ်။ကျေးရွာအုပ်ချုပ်ရေးမှုးက သိမ်းတာရှိတယ်၊ ပိုင်ရှင်မဲ့ဆိုပြီး ရောင်းစားလိုက်တာရှိတယ်၊ တကယ်ခံစားရတော့ လက်ရှိလယ်သမားတွေက ဖယ်ပေးလိုက်ရတယ်"်

လှည်းကူးမြို့နယ် မင်းလွင်ကုန်း၊ စာဘူးတောင်း၊ အင်းတိုင်၊ စာသူငယ်၊ ဝါးနက်ကုန်း၊ ဇရပ်ကွင်း၊ ရဲမွန်၊ စိုင်ဒီကုန်း၊ ဘန့်ဘွေးကုန်း၊ နန္ဒိနဲ့ ဖရုံစုရွာတွေက လယ်မြေတွေ အသိမ်းခံထားရတာလို့ဆိုပါတယ်။

အဲဒီလယ်သမားတွေရဲ့ ရှင်းလင်းပွဲတက်ခဲ့တဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း လယ်သမားရေးရာ ကော်မတီဝင် မနုနုအောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။