မြန်မာဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး KNU က စောမိုးဇက်နဲ့ မေးမြန်းချက်
2013.06.24
ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာဒုက္ခသည်များ မြန်မာနိုင်ငံကို ပြန်လာနိုင်ဖို့ ပြည်ထောင်စုအစိုးရနဲ့ ကရင်ပြည်နယ် အစိုးရအဖွဲ့တွေက စီစဉ်လျက်ရှိပြီး လတ်တလော ကရင်ပြည်နယ်အတွင်း မြဝတီမြို့ကနေ ၁၃ မိုင်အကွာမှာရှိတဲ့ ဘေါကလိမှာ အိမ်ယာတွေ ဆောက်လုပ်ပေးထားတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး KNU မြဝတီဆက်ဆံရေးရုံးတာဝန်ခံ စောမိုးဇက်ကို အစိုးရရဲ့အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။