ချင်းပြည်နယ်ဝန်ကြီး ဦးစိုးထက်ပြောပြတဲ့ ပလက်ဝဒေသ စစ်ဘေးဒုက္ခသည် အခြေအနေ
ဝေမာထွန်း
2020.05.29
2020.05.29
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက ကျေးရွာတွေမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ပလက်ဝ နဲ့ ဆမီးမြို့ စိမ့်စင်းကျေးရွာ၊ မီးဇာကျေးရွာတွေကို ထွက်ပြေးခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်မှုမရှိဘဲ လူစုလူဝေးနဲ့ နေထိုင်နေရပါတယ်။
ကျောင်းနေအရွယ် ကလေးငယ်တွေ အများအပြား ပါဝင်နေတဲ့အတွက် ကျောင်းဖွင့်ရာသီမှာ ပညာ ဆက်လက်သင်ဖို့ အခက်အခဲရှိနေပါတယ်။
ပလက်ဝမြို့နယ်၊ ဆမီးမြို့က စစ်ဘေးဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံခဲ့တဲ့ ချင်းပြည်နယ်အစိုးရ အဖွဲ့က စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်ကို RFA သတင်းထောက် မဝေမာထွန်း က တွေ့ဆုံမေးမြန်းထားပါတယ်။