သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-06-23
ကချင်ပြည်နယ်မှာ KIA တပ်တွေနဲ့ ဦးသိန်းစိန် အစိုးရတပ်တွေကြား တိုက်ပွဲတွေ ခေတ္တ ရပ်နားနေရာက မနေ့ကနဲ့ ဒီကနေ့တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။
2011-06-23
အိန္ဒိယ နဲ့ မြန်မာ နယ်စပ်ကုန်သွယ်ရေး အရှိန်မြှင့်တဲ့အနေနဲ့ နယ်စပ်ဖြတ်လမ်း ဆက်သွယ် ဖေါက်လုပ်ဖို့ နှစ်နိုင်ငံ သဘောတူညီခဲ့ကြပါတယ်။
2011-06-23
မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ဥရောပ သမဂ္ဂ အီးယူ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ အနေနဲ့ အကောင်း မြင်စရာ လက္ခဏာ တချို့ တွေ့မြင်ခဲ့ရတယ်လို့ အဖွဲ့ခေါင်းဆောင်က ဆိုပါတယ်။
2011-06-23
အိန္ဒိယ နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး Ms. Nirupama Rao ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တနင်္လာနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
2011-06-23
မြန်မာနိုင်ငံကလူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းရေးကို ဝိုင်းဝန်းကူညီ ထောက်ခံပေးဖို့ အမေရိကန် လွှတ်တော်အမတ်တွေကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
2011-06-22
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မနေ့ည ၁၀ နာရီကျော်လောက်က ဗုံးပေါက်ကွဲမှု နှစ်မှု ဖြစ်ပွါး ခဲ့တယ်လို့ သတင်း ရရှိပါတယ်။
2011-06-22
ကေအိုင်အို ခွဲထွက် ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်မှူးကြီး လဆန်အောင်ဝါကို မြစ်ကြီးနား နေအိမ်မှာ အကျယ်ချုပ် ချထားတယ်ဆိုတဲ့ ကောလဟလ သတင်းတွေ မမှန်တဲ့ အကြောင်း ဗိုလ်မှူးကြီး လဆန်အောင်ဝါရဲ့ မြစ်ကြီးနား ဆက်ဆံရေးရုံး တာဝန်ခံက ဒီနေ့ ငြင်းဆိုလိုက်ပါတယ်။
2011-06-22
မြန်မာစစ်တပ်က ကချင်အမျိုးသမီးတွေ အပေါ် အဓမ္မ ပြုကျင့်မှုတွေ ဆိုးဆိုးဝါးဝါး ကျူးလွန်နေတာကို ရပ်တံ့ပေးဖို့ ထိုင်းနိုင်ငံ အခြေစိုက် KWAT ကချင်အမျိုးသမီးများ အဖွဲ့က မနေ့က ရက်စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။
2011-06-21
ရန်ကုန်မြို့မှာ ရောက်ရှိနေတဲ့ EU ဥရောပ သမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ ဒီနေ့ ညနေ ၆ နာရီမှာ တွေ့ဆုံခဲ့ပြီး၊ အဲဒီနောက်မှာ NLD ဗဟို အလုပ် အမှုဆောင် ကော်မတီနဲ့ CRPP ပြည်သူ လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်တွေကို တွေ့ဆုံခဲ့တယ်လို့ သတင်း ရရှိပါတယ်။
2011-06-21
အပစ်အခပ် ရပ်စဲရေးအတွက် အစိုးရက ပေးတဲ့ ခိုင်မာတဲ့ အာမခံချက်ကို လိုချင်တယ်လို့ KIO ကချင် လွတ်မြောက်ရေး အဖွဲ့က ပြောကြားလိုက်ပါတယ်။
2011-06-21
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ တနင်္သာရီတိုင်း ကော့သောင်းမြို့က တဆင့် သွားရောက်ခဲ့ကြပြီး ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီး ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား တချို့ဟာ ရနောင်းမြို့ ကနေ ကော့သောင်းမြို့ကို အပြန်မှာ ဇွန်လ ၂၀ ရက်နေ့ ညနေပိုင်းမှာ သူတို့ကို တင်ဆောင်လာတဲ့လှေ နှစ်မြုပ်ခဲ့ပါတယ်။
2011-06-20
လတ်တလော လိုင်ဇာကို ခိုလှုံရောက်ရှိလာကြသော ကချင်ပြည်နယ်က ဒုက္ခသည်များ (ဓါတ်ပုံသတင်း)
2011-06-20
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ပဉ္စမမြောက် ဒုက္ခသည် အများဆုံး ထွက်ရှိတဲ့ နိုင်ငံ ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာရုံး UNHCR က ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာ အရ သိရပါတယ်။
2011-06-20
၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ပြိုင်ဖက် ကြံခိုင်ရေး ပါတီ အမတ်လောင်းက မဲမသမာမှုနဲ့ အနိုင်ယူခဲ့တယ် ဆိုပြီး တရားစွဲဆိုထားခဲ့တဲ့ ဒေါ်ချိုချိုကျော်ငြိမ်း ဟာ ဒီကနေ့ နေပြည်တော် တရားရုံး ဆုံးဖြတ်ချက် အရ အမှု ရှုံးနိမ့်သွားပါတယ်။
2011-06-20
နယ်စပ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲများနဲ့ ပတ်သက်ပြီး UWSA ဝပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ အနေနဲ့ စိုးရိမ်မကင်း ဖြစ်ရကြောင်း ဇွန်လ ၁၆ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။