မြစ်ကြီးနားမြို့မှာ ဗုံးပေါက်မှု နှစ်မှု ဖြစ်ပွါး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မနေ့ည ၁၀ နာရီကျော်လောက်က ဗုံးပေါက်ကွဲမှု နှစ်မှု ဖြစ်ပွါး ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

2011.06.22
myitkyina_market_305_z.jpg မြစ်ကြီးနားဈေး မြင်ကွင်း ဖြစ်ပါသည်။ ဓါတ်ပုံ - RFA
RFA

ပထမတစ်လုံးက ရဲစခန်းရှေ့မှာ ရှိတဲ့ ဆိုင်ခန်းဟောင်းတွေမှာ ပေါက်ကွဲတာ ဖြစ်ပြီး၊ နောက်တလုံးက လူဝင်မှု ကြီးကြပ်ရေးရုံးမှာ ပေါက်ကွဲတာလို့ ဒေသခံ တဦးက ပြောပါတယ်။

ဒါပေမယ့် ထိခိုက် ဒဏ်ရာ ရတာ မရှိဘူးလို့သိရပါတယ်။ ဒါ့အပြင် မြို့တွင်းမှာ အခုမနက် အသွားအလာ အရောင်းအဝယ်တွေလည်း ပုံမှန်အခြေအနေ မှာ ရှိတယ်လို့သိရပါတယ်။

ကချင် လွတ်မြောက်ရေး အဖွဲ့ KIO နဲ့ဦးသိန်းစိန် အစိုးရကြား စစ်ရေးအရ တင်းမာနေတဲ့ အချိန်မှာ အခုလို ပေါက်ကွဲမှု ဖြစ်တဲ့ အတွက် ဒါဟာ ဘယ်သူဘယ်ဝါ ရဲ့ ဆောင်ရွက်ချက်လည်း ဆိုတာ ရှင်းရှင်းလင်း မသိရသေးပါဘူး။

လက်ရှိကာလမှာ အစိုးရတပ်တွေ အင်အားဖြည့်တာကို တားဆီးနိုင်ဖို့ ပျောက်ကြား စနစ်နဲ့ ခုခံစစ် ဆင်နွှဲနေတဲ့ KIA အနေနဲ့တချို့လမ်းတွေ၊ တံတားတွေကို ဖြတ်တောက်တာတွေတော့ ရှိတယ်လို့KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်းက ပြောပါတယ်။

စနေနေ့ထုတ် အစိုးရထုတ် သတင်းစာမှာတော့ KIA က ချိုးဖျက်လိုက်တဲ့ တံတားပေါင်း (၂၅) စင်း ရှိနေပြီး ဒေသတွင်း ဖွံ့ဖြိုးရေးတွေကို KIA က နှောက်ယှက်နေတယ်လို့ ရေးသားထား ပါတယ်။

KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်းနဲ့RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-06-22 05:29

ဇာတ်လမ်းစလာပါပြီ
ပြည်သူတွေကို မထိခိုက်စေချင်တဲ့ KIA က ပြည်သူကို ထိခိုက်စေတာ့မယ့် မြစ်ကြီးနားမြို့ထဲ ဗုံးခွဲတာ၊ ရထားလမ်းတံတား ဖောက်ခွဲဖျက်ဆီးတာ လုပ်လာပါပြီ
မကြာမီမှာပဲ KIA ထောင်တဲ့ဗုံးကြောင့် ပြည်သူတွေသေရင် (ကျွန်တော်တို့က စစ်တပ်ကို ပစ်မှတ်ထားတိုက်တာပါ၊မထင်မှတ်ပဲ ပြည်သူတွေ ထိသွားတာ ၀မ်းနည်းပါတယ်၊ပြည်သူကို မရည်ရွယ်ပါဘူး) ဘာညာဆိုပြီး ၀မ်းနည်းချင်ယောင်ဆောင်မယ်၊ပြည်သူကို ဒုက္ခပေးတဲ့ စစ်တပ်ကော KIA တပ်ကော နှစ်ဖက်စလုံး ပြုတ်ပြုတ်ပြုန်းပါစေ

Anonymous
2011-06-22 04:43

စစ်တပ်က ပေါ်တာဆွဲ၊ KIA က မတရားစစ်ထဲဆွဲသွင်းနဲ့ ပြည်သူတွေသနားစရာ
စစ်တပ်ကော KIA ကော တစ်ယောက်မှ မကျန်ရင် ကောင်းမယ်