အဲဒီပဲ့ချိတ်လှေ နစ်မြုပ်တဲ့ အတွက် မြန်မာနိုင်ငံသား ၁၁ ဦး အနက် ၂ ယောက် သေဆုံးပြီး ၉ ယောက် အသက်ရှင် လွတ်မြောက်လာတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အထက်ပိုင်း ကနေ ကော့သောင်းမြို့ကို ရောက်ရှိသွားတဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီး တစ်ဦးဟာ ကားဂိတ်ကနေ တဆင့် လှေဆိပ်ဖက်ကို အသွား လမ်းမှာ ဆိုင်ကယ်ပေါ်က ပြုတ်ကျပြီး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ ဒီအကြောင်း အပြည့်အစုံကို အာအက်ဖ်အေ သတင်းထောက် ဦးအောင်မိုးမြင့် က သတင်းပေးပို့ထားပါတယ်။
0:00 / 0:00