မြန်မာပြည်ဆိုင်ရာ ကုလဆုံးဖြတ်ချက် အကောင်အထည်ဖေါ်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မြန်မာနိုင်ငံကလူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းရေးကို ဝိုင်းဝန်းကူညီ ထောက်ခံပေးဖို့ အမေရိကန် လွှတ်တော်အမတ်တွေကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

2011.06.23
assk_addresses_to_us_congress_305_z.jpg အမေရိကန် အောက်လွှတ်တော် အာရှနဲ့ ပစိဖိတ် ရေးရာ ဆပ်ကော်မတီမှာ ၂၀၁၁ ခုနှ် ဇွန်လ ၂၂ ရက်နေ့က ကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေ အကြောင်း ကြားနာပွဲကို ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယို မိန့်ခွန်းပေးပို့ခဲ့ပါတယ်။
RFA

အမေရိကန် အောက်လွှတ်တော် အာရှနဲ့ ပစိဖိတ် ရေးရာ ဆပ်ကော်မတီမှာ မနေ့က ကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေ အကြောင်း ကြားနာပွဲကို ပေးပို့လိုက်တဲ့ ဗွီဒီယို မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ က ဆုံးဖြတ်ချက် တစ်ရပ် ပြီးခဲ့တဲ့ မတ်လက ထုတ်ပြန်ခဲ့ကြောင်း၊ အဲဒီဆုံးဖြတ်ချက်ကို အကောင်အထည်ပေါ်လာအောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ အဲဒီလိုဆောင်ရွက်ခြင်းအားဖြင့် မြန်မာ ပြည်သူတွေ အတွက် ဒီမိုကရေစီ လမ်းကြောင်း အစစ်အမှန် ပေါ်ပေါက်လာမှာ ဧကန် ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့ USCB ညွှန်ကြားရေးမှုး ဦးအောင်ဒင်ကလည်း မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဲဒီကြားနာပွဲမှာ ရှင်းလင်း ထွက်ဆိုခဲ့ကြောင်း သိရပါတယ်။

အမေရိကန် လွှတ်တော်ကို ပေးပို့လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗွီဒီယို မိန့်ခွန်း အပြည့်အစုံကို ဒေါ်ခင်ခင်အိ စုစည်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။