နယ်စပ်အရေး ဝအဖွဲ့ စိုးရိမ်မကင်း ဖြစ်နေ

နယ်စပ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲများနဲ့ ပတ်သက်ပြီး UWSA ဝပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ အနေနဲ့ စိုးရိမ်မကင်း ဖြစ်ရကြောင်း ဇွန်လ ၁၆ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။

2011.06.20

ဒီကြေညာချက်ကို တရုပ် ဘာသာနဲ့ ထုတ်တဲ့ အင်တာနက် စာမျက်နှာမှာ တင်ပြထားတယ်လို့ UWSA အဖွဲ့က ပြောခွင့်ရ ဦးအောင်မြင့်က ပြောပါတယ်။ ဒီကြေညာချက်မှာ လတ်တလော တရုပ် မြန်မာ နယ်စပ်မှာ ဖြစ်ပွားနေတဲ့ အစိုးရတပ်များနဲ့ KIO အဖွဲ့တို့ရဲ့ အခြေအနေကို ရည်ညွန်း ထားသလို SSA, DKBA, KNU စတဲ့ တိုင်းရင်းသားတွေနဲ့ ထိတ်တိုက် ရင်ဆိုင်မူများကိုလည်း ဖေါ်ပြထား ပါတယ်။

ဒါ့အပြင် အစိုးရသစ် သမတ ဦးသိန်းစိန်ရဲ့ တိုင်းရင်းသား များနဲ့ ပတ်သက်ပြီး ပြောဆိုထားတဲ့ စကားကို ဖေါ်ညွှန်းပြီး ဒီပြောဆိုချက်နဲ့ အညီ ဆောင်ရွက်ပေးဖို့ တိုက်တွန်းထား ပါတယ်။

UWSA ကြေညာချက်ပါ နောက်ဆုံး အချက်ကို UWSA မြောက်ပိုင်းက အရာရှိတဦးက အခုလို မြန်မာ ဘာသာ ပြန်ပြီး ဖတ်ပြပါတယ်။ "နှစ်ဦး နှစ်ဖက်စလုံး သဘောထားကြီးစွာဖြင့် အခြေအနေကို ထိမ်းထားနိုင်ဖို့ လိုအပ်ပါသည်။ ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ရေရှည် တည်တန့် ခိုင်မြဲရေးအတွက် အလေးထား၍ အတူတကွ ငြိမ်းချမ်း တန်းတူစွာဖြင့် ဖြစ်ပျက်တဲ့ ဒီ အငြင်းပွါးမှုကို ဆွေးနွေး ဖြေရှင်းသွားကြပါရန် ဖြစ်ပါသည်။ နှစ်ဦး နှစ်ဖက်မှ စေတနာ အမှန်အကန်ဖြင့် တူတာကို ရှာကြံ၊ မတူတာကို ခေတ္တ ချန်ထားတယ်ဆိုတဲ့မူကို ကိုင်စွဲသွားမယ် ဆိုပါက ယင်းပြဿနာများကို ဖြေရှင်းနိုင်မဲ့ နည်းလမ်းကောင်းများကို ရှာဖွေတွေ့ရှိနိုင်မည်လို့ လေးနက်စွာ ယုံကြည်ပါကြောင်း အထူး ထုတ်ပြန်အပ်ပါသည်။"

UWSA အနေနဲ့ လတ်တလော အခြေအနေမှာ ဆက်ဆံရေး လုံး၀ ပြတ်တောက်နေပြီး ပြီးခဲ့တဲ့ လအတွင်းက ငြိမ်းချမ်းရေးကို လိုလားတဲ့အကြောင်း ကြေညာချက်ကို ထုတ်ပြန်ပြီး အစိုးရကို နိုင်ငံရေးအရ စကားပြောဖို့ ကမ်းလှမ်းထားပေမဲ့ အစိုးရထံက ဘာပြန်ကြားချက်မှာ မရရှိဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-06-20 14:42

u should prepare well. they will shoot u sooner or later. remember that all minority group should get together to fight them back. we pray for you.