အိန္ဒိယ နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
2011.06.23
အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး S.M. Krishna နဲ့အတူ သုံးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ကို လိုက်ပါလာခဲ့တဲ့ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Ms. Rao ဟာ အဖွဲ့ဝင် (၄) ဦးနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို လာရောက် တွေ့ဆုံခဲ့တာ ဖြစ်တယ်လို့ အန်အယ်လ်ဒီပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။
အဲသလိုတွေ့ဆုံရာမှာ နှစ်ဖက်ဆက်ဆံရေးတွေ တိုးမြှင့်သွားကြဖို့ တရင်းတနှီး ဆွေးနွေးခဲ့ကြတယ်လို့ သိရ ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး Krishna ကတော့ အချိန် အခက်အခဲကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က သူ ငယ်စဉ်ကာလ အိန္ဒိယမှာ ပညာသင်ကြားခဲ့တဲ့ အတွေ့အကြုံတွေ၊ အိန္ဒိယ-မြန်မာ ဆက်ဆံရေး အခြေအနေတွေနဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေး အတွက် အိန္ဒိယ အစိုးရရဲ့ ထောက်ပံ့ ကူညီမှုတွေ အကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယကလာတဲ့ သတင်းတွေအရ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယ နိုင်ငံခြားရေး ဒုဝန်ကြီး Ms. Nirupama Rao တို့ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |