အိန္ဒိယ နဲ့ မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်း ဖေါက်ဦးမည်

အိန္ဒိယ နဲ့ မြန်မာ နယ်စပ်ကုန်သွယ်ရေး အရှိန်မြှင့်တဲ့အနေနဲ့ နယ်စပ်ဖြတ်လမ်း ဆက်သွယ် ဖေါက်လုပ်ဖို့ နှစ်နိုင်ငံ သဘောတူညီခဲ့ကြပါတယ်။

2011.06.23

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် နဲ့ မြန်မာနိုင်ငံ ချင်းပြည်နယ် တို့ကို ဆက်သွယ်မယ့် မိုင် (၅၀) ရှည် လမ်း တစ်လမ်း ဖေါက်လုပ်မှာဖြစ်ပါတယ်။

အဲဒီလမ်းဟာ မီဇိုရမ်ပြည်နယ်က Rhi မြို့ နဲ့ချင်းပြည်နယ် တီးတိန်မြို့ကို ဆက်သွယ်မှာဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း (၆၀) ကုန်ကျမယ်လို့ သိရပါတယ်။

အိန္ဒိယ Ircon ကုမ္ပဏီက တာဝန်ယူဖေါက်လုပ်မယ်လို့ ဆိုပါတယ်။

ဒီလမ်းစီမံချက်ကို မြန်မာပြည်ကိုရောက်ရှိနေတဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ကရစ်ရှနား နဲ့ မြန်မာ ဆောက်လုပ်ရေးဝန်ကြီးတို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

အခုဖေါက်လုပ်မယ့်လမ်းဟာ အိန္ဒိယ မြန်မာ နယ်စပ်ဖြတ် ဒုတိယလမ်းဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်က မိုင် (၁၀၀) ရှည်တဲ့တမူး - ကလေးမြို့ - ကလေး၀ လမ်း ဖေါက်လုပ်ပြီးစီးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။