တရားရုံး ဆုံးဖြတ်ချက် လက်မခံကြောင်း ဒေါ်ချိုချိုကျော်ငြိမ်း ပြောဆို
2011.06.20

RFA
အခုလို တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်ကြောင်း ဒီမိုကရက်ပါတီ မြန်မာ DPM ရဲ့ ခေါင်းဆောင် တဦး ဖြစ်တဲ့ ဒေါ်ချိုချိုကျော်ငြိမ်းက RFA ကိုပြောပါတယ်။ တင်ပြထားတဲ့ အချက်အလက်များ ခိုင်လုံပြီး သက်သေများကလည်း သတ္တိရှိရှိ ထွက်ဆိုကြပေမဲ့ တရားရုံးက ဘက်လိုက်ပြီး အနိုင်ရပါတီဖက်ကို သက်သေမရှိဘဲ တဖက်သတ် အနိုင်ပေးခဲ့တာ ဖြစ်ကြောင်း၊ မှန်ကန်နည်းလမ်းကျနစွာ ဆုံးဖြတ်တာ မဟုတ်တဲ့ အတွက် လက်မခံနိုင်ကြောင်း တရားရုံးကနေ အပြင်ကို ထွက်လာစဉ် ဒေါ်ချိုချိုကျော်ငြိမ်းက ပြောပါတယ်။
မနှစ် နိုဝင်ဘာ ရွေးကောက်ပွဲမှာ ပဲခူးတိုင်း အနောက်ပိုင်း ကြိုပင်ကောက် မြို့နယ် ကနေ ဒေါ်ချိုချို ကျော်ငြိမ်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ ကြံခိုင်ရေး ပါတီ အမတ်လောင်း ဦးသန့်ဇင် ကို ရှုံးနိုမ့် ခဲ့တာပါ။
ဒါပေမဲ့ ကြံခိုင်ရေး အမတ်လောင်း ဦးသန့်ဇင် အနေနဲ့ မဲမသမာမှုတွေ လုပ်ဆောင်ခဲ့ သလို သူ့ရဲ့ ယောက်ခမ ဖြစ်သူ ကြို့ပင်ကောက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ကလည်း ပူးပေါင်း ကြံစည်ခဲ့တယ် ဆိုပြီး နေပြည်တော် တရားရုံးကို ဦးတိုက်ပြီး ဒေါ်ချိုချိုကျော်ငြိမ်း က တရားစွဲခဲ့တာ ဖြစ်ပါတယ်။
တရားရုံး အဆုံးအဖြတ်နဲ့ ပတ်သက်ပြီး ဒေါ်ချိုချို ကျော်ငြိမ်းကို ဦးခင်မောင်စိုးမင်းက ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |