သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-29
၂၁ ရာစု ပင်လုံညီလာခံကျင်းပနိုင်ရေး အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ ဒုတိယမြောက်နေ့ အစည်းအဝေးကို ဒီကနေ့ နေပြည်တော်က Horizon Lake View ဟိုတယ်မှာ ဆက်လက်ကျင်းပခဲ့ပါတယ်။
2016-05-29
ထိုင်းမြန်မာ နယ်စပ်မှာ နှစ်ပေါင်း ၂၅ နှစ်ကျော် အခြေစိုက်နေထိုင်ပြီး မြန်မာရွှေ့ပြောင်း လူနာတွေ ကို ဆေးဝါးကုသပေးနေတဲ့ မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင်ရဲ့ ကုတင် ၁၄ဝ ဆန့် ဆေးခန်းသစ်ကြီးကို မဲဆောက်မြို့မှာ ဒီနေ့ ဖွင့်လှစ်ခဲ့ပါတယ်။
2016-05-28
မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားဒေသတွေမှာ အစိုးရတပ်တွေက စစ်ပွဲတွေ ဆင်နွှဲနေတာ အမြန်ဆုံးရပ်ဆိုင်းပေးဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ပွဲကို အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့တ်ဝိန်းမြို့ရောက် မွန်တိုင်းရင်းသားတွေ မနေ့က ပြုလုပ်ခဲ့ပါတယ်။
2016-05-28
အမေရိကန်သမ္မတဟောင်း ဂျော့ ဒဗလျူ ဘုရှ် တည်ထောင်ထားတဲ့ လူငယ်ခေါင်းဆောင် အရည်အချင်းမြှင့်တင်ရေးသင်တန်းအတွက် အမေရိကန် ပြည်ထောင်စုကို ခေတ္တရောက်လာတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထွထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်နဲ့ အမေရိကန်သမ္မတဟောင်း ဂျော့ဘုရှ်တို့ဟာ ပြီးခဲ့တဲ့ မေလ ၂၅ ရက်က သီးသန့်တွေဆုံခဲ့ကြပါတယ်။
2016-05-28
ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ ငြိမ်းချမ်းရေး ညီလာခံအကြောင်း ဦးခင်မောင်စိုးက စီစဉ် တင်ဆက်ထားပါတယ်။
2016-05-28
မြန်မာနိုင်ငံတွင်း တိုင်းရင်းသားဒေသတွေမှာ အစိုးရ တပ်တွေက စစ်ပွဲတွေဆင်နွှဲနေတာ အမြန်ဆုံးရပ်ဆိုင်းပေးဖို့ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့တ်ဝိန်း မြို့ရောက် မွန်တိုင်းရင်းသားတွေက တောင်းဆို လိုက်ကြ ပါတယ်။
2016-05-28
၁၁ ကြိမ်မြောက် ရွှေအမြုတေ စာပေဆုပေးပွဲကို မနေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီး ဆု ၈ ဆုရွေးချယ်ကာ ဆုတစ်ဆုကို ကျပ် ၁ဝ သိန်းကျော် ခီးြျမှင့်ခဲ့ပါတယ်။
2016-05-28
အစိုးရစာသင်ကျောင်းတွေမှာ စာကြည့်တိုက်လေ့လာရေးအခန်းကဏ္ဍ အားနည်းခဲ့မှုတွေကြောင့် ကျောင်းသား လူငယ်တွေစာဖတ်လေ့လာတာတွေ အားနည်းကြတာဖြစ်တယ်လို့ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှား မှု ဦးဆောင်တဲ့ စာကြည့်တိုက်များကွန်ယက်အဖွဲ့ဝင်တွေ က ပြောပါတယ်။
2016-05-28
ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ဖို့ကျောက်မဲမြို့က ရှမ်းတိုင်းရင်းသား သံဃာတော်တွေ နဲ့ရှမ်းလူငယ်အဖွဲ့အစည်းက လူငယ်တွေခေါင်းဆောင် ပြီး ဒေသခံ သုံးထောင်ကျော် တို့ဟာ ဒီကနေ့ ဆန္ဒပြတောင်း ဆိုကြပါတယ်။
2016-05-28
၂၁ ရာစုပင်လုံညီလာခံ ပြင်ဆင်ရေးကော် မတီက အပစ်အခတ်ရပ်စဲရေး NCA မှာ လက်မှတ်မထိုး ရသေးတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေနဲ့ လာမယ့် ဇွန်လပိုင်းအတွင်း သွားရောက်တွေ့ဆုံ ဆွေးနွေးမယ် လို့ ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောပါတယ်။
2016-05-28
ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့မှာ အခြေစိုက်တဲ့ ဒေါက်တာ စင်သီယာမောင် ရဲ့ ခုတင် ၁၄ဝ ဆန့် မယ်တော် ဆေးခန်း သစ်ကို ဒီနေ့ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
2016-05-28
ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ချီးမြှင့်တဲ့ ၂၀၁၆ ခုနှစ်အတွက် သတ္တမ အကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဆု ရွေးချယ်ခံသူတွေကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် က တော်ဝင်နှင်းဆီမှာ ဒီနေ့ ဆုချီးမြှင့်ခဲ့ပါတယ်။
2016-05-28
ဦးသိန်းစိန်အစိုးရလက်ထက်မှာ မြန်မာနိုင် ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းရံပုံငွေထဲက စာရင်းပျောက်နေတဲ့ ယူရိုငွေ ၈၆ သန်း ကိစ္စအတွက် အမှုဆောင်တွေရဲ့တိုင်ကြားချက်ကို ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်အပါအဝင် လူ ပုဂ္ဂိုလ် ၃ ဦးနဲ့ ခုံရုံးဖွဲ့ပြီး တိုင်တန်းသူကျောက်မျက်အသင်း အမှု ဆောင်တွေကို မနေ့က စတင်စစ်ဆေးခဲ့ပါတယ်။
2016-05-28
ရှမ်းပြည်အရှေ့ပိုင်း ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့မှာ ကျပ်ငွေသိန်းပေါင်း ၅ ထောင်ကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူ ဘလောက်တုံး ကီလို ၃ဝ ကျော်ကို ဒီကနေ့ မေလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ တာချီလိတ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။
2016-05-28
မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းကို မဖြစ်မနေ အလေးထား လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ဥရောပတိုက်က ကမ္ဘာထိပ်တန်း သုတေသနဌာနတွေကို သွားရောက်လေ့လာနေတဲ့ စိမ်းလန်း အမိမြေ (EcoDev) အဖွဲ့ရဲ့ အကြီးအကဲ ဦးဝင်းမျိုးသူ က ပြောကြားလိုက်ပါတယ်။