မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနလုပ်ငန်း ဘယ်လောက်အရေးကြီးသလဲ


2016.05.28

မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းကို မဖြစ်မနေ အလေးထား လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ဥရောပတိုက်က ကမ္ဘာထိပ်တန်း သုတေသနဌာနတွေကို သွားရောက်လေ့လာနေတဲ့ စိမ်းလန်းအမိမြေ (EcoDev) အဖွဲ့ရဲ့ အကြီးအကဲ ဦးဝင်းမျိုးသူက ပြောကြားလိုက်ပါတယ်။ ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီး တက္ကသိုလ် ဇီဝနည်းပညာဌာနကို မနေ့က သွားရောက်လေ့လာခဲ့တဲ့ ဦးဝင်းမျိုးသူကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။