ရွှေအမြုတေ ဆုပေးပွဲ ကျင်းပ
2016.05.28
၁၁ ကြိမ်မြောက် ရွှေအမြုတေ စာပေဆုပေးပွဲကို မနေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီး ဆု ၈ ဆုရွေးချယ်ကာ ဆုတစ်ဆုကို ကျပ် ၁ဝ သိန်းကျော် ခီးြျမှင့်ခဲ့ပါတယ်။ စာရေးဆရာတွေ ဟောပြောပွဲကို ပိုပြီးအားသန်နေကြလို့ ဝတ္ထုရှည်ကောင်းကောင်းတွေ မထွက်နိုင်တော့တဲ့ အပြင် မြန်မာပြည်မှာ စာအုပ်ရောင်းအားတွေ ကျဆင်းနေပြီး မဂ္ဂဇင်းတွေ မကြာခင် ရပ်ဆိုင်းသွားနိုင်တဲ့ အနေအထားရောက်နေပြီလို့ ရွှေအမြုတေအယ်ဒီတာချုပ် ဦးဝင်းငြိမ်းကပြောပါတယ်။
"စာပေဟောပြောပွဲတွေကို လိုက်ဟောပြောနေတဲ့အတွက် ဝတ္တုရှည်ရေးနေတဲ့ စာရေးဆရာတွေက အဲ့ဘက်ကို အာရုံသိပ်မရကြတော့ဘူး၊ ဝတ္တုရှည်က မထွက်လာတော့ဘူး၊ အခန်းဆက်ဝတ္တုရှည် စာပေဆုကိုထည့်ထားပေမယ်လို့ ဒီ ၁၁ ကြိမ်မှာ ၂ ကြိမ်ပဲ အခန်းဆက်ဝတ္တုရှည်ပေးနိုင်သေးတယ်၊ စာအုပ်အငှားဆိုင်တွေ ပြုတ်သွားတဲ့အတွက် ကျနော်တို့ဘက်မှာ စာမူတွေကျသွားတယ်၊ ကလျာမဂ္ဂဇင်း ဆိုရင် သက်တမ်းအများဆုံးပါ၊ အခုပျောက်သွားပြီ၊ တဖြည်းဖြည်းနဲ့ မဂ္ဂဇင်းတွေ ပျောက်သွားမယ် ထင်တယ်"
လူငယ်တွေလည်း ရုပ်ရှင်နဲ့ တခြားလူမှုရေးရာတွေကြောင့် တနေ့တခြား စာဖတ်အားနည်းလာနေကြတဲ့ အတွက် စာပေလောကရဲ့ အနာဂတ်ဟာ ရင်လေး စရာ ဖြစ်ပါတယ်လို့လည်း ဦးဝင်းငြိမ်းက ပြောပါတယ်။
ဦးဝင်းငြိမ်းနဲ့ ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းချက် အပြည်အစုံကို နားဆင်ပါ။