ဦးရွှေမန်းကို မြန်မာတွေ အိတ်ဖွင့်စာပေး


2015.05.03
ushweman-us-trip-305.jpg ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းအား ၂၀၁၅ ခုနှစ်၊ မေလ ၁ ရက်နေ့က ဝါရှင်တန်ဒီစီမြို့တော်က အခမ်း အနားတစ်ခုတွင် တွေ့ရစဉ်။
Photo: Kyaw Kyaw Aung/ RFA

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို အမေရိ ကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ အခြေစိုက် မြန်မာ့ အရေးလှုပ်ရှားသူတွေက အိတ်ဖွင့်ပေးစာတစောင် မနေ့က ပေးအပ်လိုက်ပါတယ်။

မြန်မာသံအမတ်ကြီးနေအိမ်မှာ ကျင်းပတဲ့ဂုဏ်ပြု ညစာစားပွဲကို ဦးရွှေမန်း အလာမှာပေးအပ်လိုက်တာ လို့ မေရီလဲန်းပြည်နယ်မှာ နေထိုင်သူတစ်ဦး က ပြောပါတယ်။

"သူရဦးရွှေမန်းကို အိတ်ဖွင့်ပေးစာကို သူ့ရဲ့လက်ထဲကို တိုက်ရိုက်ပေးလိုက်ပါတယ်၊ ူသူကိုယ်တိုင်ကလည်း ကျနော်တို့ဆီကိုလာပြီးတော့တွေ့တယ်၊ တစ်ယောက်ချင်းဆီကို စကားပြောတယ်၊ တစ်ယောက်ချင်းဆီက မြန်မာနိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေကိုပြောတယ်"

အချက် ငါးချက်တောင်းဆိုထားတဲ့ပေးစာမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ပြန်ဖွဲ့စည်းဖို့၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့၊ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး တောင်းဆိုမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံသူတွေကို ပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီပညာရေး ပင်မသပိတ် စစ်ကြောင်းကို အင်အားသုံးဖြိုခွင်းမှုမှာ တာဝန်ရှိသူတွေကို အရေးယူပေးဖို့၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု ကျူးလွန်သူတွေကို အရေးယူရေးအတွက် ဥပဒေတွေ၊ နည်းဥပဒေတွေ ပြဌာန်းပေးဖို့ စတာတွေ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။