ငဖဲမြို့နယ်မှာ တရုတ် ပိုက်လိုင်းကြောင့် လျော်ကြေး မရသေးသူတွေ ဆန္ဒပြ


2014.05.03
shwe-gas-305.jpg ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မလကျွန်းမှာရှိတဲ့ ရွှေဂတ်စ် စီမံကိန်း အဆောက်အဦးပုံကို တွေ့ရစဉ်
photo: RFA/ Min Thein Aung

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အတွင်းမှာ ရွှေ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားတဲ့ ကျေးရွာ ၁၀ ရွာလောက်က လျော်ကြေးမရသေးတဲ့ ဒေသခံတွေ ဟာ လယ်ယာမြေလျော်ကြေး၊ သီးနှံလျော်ကြေးတွေ ရရှိရေးအတွက် ငဖဲမြို့၊ ဂုတ်ကြီးကျေးရွာမှာ ဒေသခံ ၂၀၀ ကျော်လောက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ငဖဲမြို့နယ်မှာ ရွှေသဘာဝဓါတ်ငွေ့ ပိုက်လိုင်းဖြတ်ဖို့ ဆိုပြီး သတ်မှတ်ထားတဲ့ မြေဧက တစ်ထောင်ကျော် အတွက် လျော်ကြေးငွေ ရရှိပြီးဖြစ်ပေမယ့် ပိုက်လိုင်းဖြတ်တဲ့အခါ သတ်မှတ်မြေဧကထက်ကျော် ပြီး ဖြတ်သွားတဲ့အတွက် အဲ့ဒီကျော်လွန်မြေနေရာတွေနဲ့ သီးနှံပင်တွေအတွက် လျော်ကြေးတောင်းဆို ကြတာဖြစ်ပါတယ်။ သက်ဆိုင်ရာက လျော်ကြေးပေး မယ်ဆိုပြီး လာရောက်ပြောတာတွေရှိပေမယ့် တောင် သူတွေအနေနဲ့ စိုက်ပျိုးချိန်အမီ လျော်ကြေးပေး ဖို့ တောင်းဆိုတာလို့ ဒီနေ့ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ငဖဲမြို့၊ ဘုံးဘောကျေးရွာသား ဦးတင်ငွေ က ပြောပါတယ်။

"ရည်ရွယ်ချက်ကတော့ လျော်ကြေးငွေရရှိရေး၊ ဒီလျော်ကြေးငွေဟာ သီးနှံပင် ရယ် မြေယာလျော်ကြေးငွေရယ် တောင်းဆိုတာဖြစ်ပါတယ်၊ သူတို့ကလည်း ကျနော်တို့ဆီလာပြီးတော့ အပင်လေးဘယ်လောက်ရှိတယ်၊ အပင်ကြီးဘယ်လောက်ရှိတယ်ဆိုတာကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ကို ခေါ်ပြီးတော့ လက်မှတ်ထိုးတာတွေ ရှိပါတယ်၊ စိုက်ပျိုးမြေအတွက်ဆို ကျနော်တို့မှာ အခက်အခဲ အများကြီးရှိတယ်၊ ထပ်စိုက်မယ်ဆိုရင် ဒီမြေကြီးမှာ လုံးဝစိုက်လို့မရပါဘူး၊ ရေကပေ ၁ဝဝ မက ဘူး မြောင်းရှိတဲ့နေရာမှန်သမျှကို လျှောက်စီးနေတဲ့အတွက် စိုက်လို့အင်မတန်မှ ခက်ခဲပါတယ်၊ သူတို့ လည်းပေးမယ်လို့ပြောပြီးသားကို အချိန်နဲ့တပြေးညီ မမှီတဲ့အတွက်ကြောင့်မို့ ကျနော်တို့ ဆန္ဒပြတောင်း ဆိုရခြင်းဖြစ်ပါတယ်"

ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံ ကူမင်မြို့အထိ သွယ်တန်း ထား တာဖြစ်ပြီး ရခိုင်၊ မကွေး၊ မန္တလေး၊ ရှမ်းစတဲ့ တိုင်းနဲ့ ပြည်နယ် လေးခုကို ဖြတ်ပြီးသွယ်တန်းထားတာဖြစ် ပါတယ်။

ပိုက်လိုင်းဖြတ်သန်းသွားတဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်က ဂုတ်ကြီး၊ ဘုံးဘော၊ စုန်တက်၊ လင်းတဲနဲ့ မထုံး စတဲ့ ကျေး ရွာတွေမှာ လဖက်၊ ကော်ဖီပင်၊ မက်မန်း၊ သံပုရာ၊ လိမ္မော်၊ ငပျော စတဲ့ သီးနှံပင်တွေ စိုက်ပျိုးကြတာဖြစ်ပြီး ပိုက် လိုင်းဖြတ်သန်းရာ လယ်ယာမြေတွေ ပျက်စီးသွားသလို သီးနှံပင်တွေလည်း ပျက်စီးတယ်လို့ ဆန္ဒပြတောင်သူတွေ က ပြောပါတယ်။

ဒီနေ့ဆန္ဒပြပွဲကို မေလ ၂ရက်နေ့မနက်ပိုင်းက ငဖဲမြို့နယ်ရဲတပ်ဖွဲ့ရုံးက တရားဝင် ခွင့်ပြုမိန့်ပေးခဲ့ပေမယ့် အဲ့ဒီညနေ ပိုင်းမှာတော့ ငဖဲမြို့နယ်ရဲတပ်ဖွဲ့မှူးက ခွင့်ပြုမိန့်ကို ပြန်လည်ရုပ်သိမ်းကြောင်း၊ ဆန္ဒပြခွင့်မပေးကြောင်းစာထုတ်ပြီး အကြောင်းကြားခဲ့တယ်လို့လည်း သိရပါတယ်။

ဒီနေ့ ဆန္ဒပြပွဲကို မကွေးတိုင်း  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ကလည်း အားပေးကူညီခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။