ဒေါက်တာ သန်းမင်းထွဋ် ကို ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်
2016.05.28

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ချီးမြှင့်တဲ့ ၂၀၁၆ ခုနှစ်အတွက် သတ္တမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဆု ရွေးချယ်ခံသူတွေကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် က တော်ဝင်နှင်းဆီမှာ ဒီနေ့ ဆုချီးမြှင့်ခဲ့ပါတယ်။
လူမှုရေးလုပ်ငန်တွေးကို ကိုယ်ကျိုးစွန့်အနစ်နာခံပြီး လုပ်ဆောင်နေသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပြည်သူ့ဂုဏ်ရည် ဆုကို ချီးမြှင့်တာဖြစ်ကြောင်း ပြည်သူ့ဂုဏ်ရည် အသင်း ဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင် ကိုဝေလက ပြောပါတယ်။
"လူမှုရေးလုပ်ငန်းတွေ၊ လိုအပ်ချက်တွေဝိုင်းလုပ်ပေးချင်ပေမယ့်လည်း ကျနော်တို့ကိုယ်တိုင်လုပ်နိုင်ခြင်း မရှိဘူး၊ အဲ့တွက်ကြောင့်နစ်နာခံပြီးတော့ ကိုယ်ကျိုးစွန့် လုပ်နေကြတဲ့သူတွေကို ကျနော်တို့ဝိုင်းဝန်း ကူညီမယ်၊ သူတို့ရဲ့လုပ်ရပ်တွေကိုဂုဏ်ယူတယ်၊ ဝိုင်းဝန်းကူညီမယ်ဆိုတဲ့စိတ်နဲ့ ကျနော်တို့စပြီးဖွဲ့စည်း ခဲ့တာပါ၊ ပြည်သူ့ဂုဏ်ရည်ဆုကိုတော့ အခြေခံမူ ၃ ချက်နဲ့ရွေးပါတယ်၊ အဲ့ဒါက ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊ ကျယ်ပြန့်ထိရောက်အောင်မြင်မှုနဲ့ အများနဲ့ လူ့ဘောင်လောကအတွက် စံပြဖြစ်မှုဆိုတဲ့ အခြေခံ ၃ ချက်နဲ့ ကျနော်တို့ရွေးတာပါ"
၂၀၁၆ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို ရှမ်းပြည်နယ် ပင်းတယမြို့မှာ လူမှုရေးလုပ်ငန်းတွေကို ဆောင်ရွက်နေ တဲ့ ပင်းတယမြို့နယ် ဆရာဝန်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ရရှိခဲ့ပါတယ်။
ဒါ့အပြင် မြန်မာ့ရိုးရာပုံပြင်တွေကို ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ၊ မိဘမဲ့ ဂေဟာတွေနဲ့ ကျေးလက်ဒေ သတွေက ကလေးတွေကို လိုက်လံ ပြောပြနေတဲ့ မြန်မာပုံပြောသူများအဖွဲ့ကို ပြည် သူ့ဂုဏ်ရည်အထူးဆုချီးမြှင့် ခဲ့ပါတယ်။
အလားတူ ရေရှားပါးတဲ့ဒေသတွေကို ရေလှူဒါန်းနိုင်ဖို့ ဂီတနဲ့ အလှူခံပြီး ပြန်လည်လှူဒါန်းနေတဲ့ ပန်းရဲ့လမ်းအဖွဲ့ကို လည်း ပြည်သူ့ဂုဏ်ရည် အထူးဆု ချီးမြှင့်ခဲ့ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်နေ တဲ့ ဒေါ်ခင်မမမျိုးကိုလည်း ပြည်သူ့ ဂုဏ်ရည်အထူးဆု ချီးမြှင့်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေစုပေါင်းပြီး နိုင်ငံရေး၊ လူမှုရေးနဲ့ ပရဟိ တနယ်ပယ်တွေမှာ ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင် ရွက်နေသူတွေကို ဆုချီးမြှင့်ဖို့ ပြည်သူ့ဂုဏ်ရည် အသင်းကို ၂၀၀၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။