ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင် အမေရိကန်သမ္မတဟောင်း ဘုရှ်နဲ့ သီးသန့်တွေ့ဆုံ
2016.05.28
အမေရိကန်သမ္မတဟောင်း ဂျော့ ဒဗလျူ ဘုရှ် တည်ထောင်ထားတဲ့ လူငယ်ခေါင်းဆောင် အရည်အချင်းမြှင့်တင်ရေးသင်တန်းအတွက် အမေရိကန် ပြည်ထောင်စုကို ခေတ္တရောက်လာတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထွထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်နဲ့ အမေရိကန်သမ္မတဟောင်း ဂျော့ဘုရှ်တို့ဟာ ပြီးခဲ့တဲ့ မေလ ၂၅ ရက်က သီးသန့်တွေဆုံခဲ့ကြပါတယ်၊ ဒီသီးသန့်တွေဆုံဆွေးနွေးတာနဲ့ ပတ်သက်လို့ မဖြိုးဖြိုးအောင်ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။