သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-10-26
နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပမဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်ဒီမိုကရေစီရေးကို ဖော်ဆောင်နိုင်မှာ မဟုတ်တဲ့ အတွက် ဒီရွေးကောက်ပွဲကို လုံးဝ ဆန့်ကျင် သပိတ်မှောက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က အောက်တိုဘာ ၂၆ ရက်နေ့ ဒီကနေ့ ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။
2010-10-26
ရခိုင်ပြည်နယ်မှာ ဂီရိမုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲရတဲ့ မြို့နယ်တွေကို ရှေ့လ ၇ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပရေး မလွယ်ကူတဲ့အတွက် ရက်ရွှေ့ဆိုင်းပေးဖို့ ကော်မရှင်ကို တောင်းဆိုမယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDPရဲ့ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောပါတယ် ။
2010-10-26
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အာရှခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို အောက်တိုဘာ ၂၆ ရက် အင်္ဂါနေ့က စတင် ရောက်ရှိလာပါတယ်။ မစ္စတာဘန်ကီမွန်းဟာ ထိုင်းဝန်ကြီးချုပ် အာဘီဆစ်နဲ့ တွေ့ဆုံပြီး ဒေသတွင်း ကိစ္စတွေ ဆွေးနွေးဖို့ ရှိပါတယ်။
2010-10-25
တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို အာမခံတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ ဒုတိယအကြိမ် ပင်လုံ ညီလာခံခေါ်ယူရေးအတွက် အောက်တိုဘာ ၂၄ ရက်နေ့မှာ ကျရောက်တဲ့ ကလေးမြို့က ဇိုမီးအမျိုးသားကွန်ဂရက် ၂၂ နှစ်မြောက် အခမ်းအနားမှာ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးအင်အားစု ခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ ၊ လူငယ် ခေါင်းဆောင်တွေ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
2010-10-25
အောက်တိုဘာ ၂၄ ရက် မနေ့ က စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကျင်းပပြီးစီးသွားတဲ့ ဇိုမီး အမျိုးသားကွန်ဂရက် တည်ထောင်ခြင်း ၂၂ နှစ်မြောက် အခမ်းအနားမှာ NLD ပါတီ က ဗဟို ကော်မတီဝင် ဦးဝင်းတင်ကို အမျိုးသား ပြန်လည်သင့်မြတ်ရေးဆောင်ရွက်သူ သူရဲကောင်းအဖြစ် ဂုဏ်ပြုလိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။
2010-10-25
ဒီကနေ့ အောက်တိုဘာ ၂၅ ရက် မနက် အစောကြီး၊ ကေအိုင်အိုဌာနချုပ် တည်ရှိတဲ့ တရုတ် မြန်မာနယ်စပ် လိုင်ဇာမြို့ ဈေးကြီး မီးလောင်ကျွမ်း ပျက်စီးသွားပါတယ်။ ကာလတန်ဖိုး ကျပ်ငွေ ကုဋေနဲ့ ချီပြီး ပျက်စီး ဆုံးရှုံးသွားတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။ မီးဘေးသင့်ခံရသူတွေကို ကေအိုင်အိုအဖွဲ့ကနေ ကူညီထောက်ပံ့မှုတွေ ပေးထားကြောင်း သိရပါတယ်။
2010-10-25
မကွေးတိုင်း ပခုက္ကူမြို့နယ် ညောင်လှ ကျေးရွာအနီးကနေ ဖြတ်သွယ်တန်းထားတဲ့ ကျောက်ခွက် အရာတော် ရေနံပိုက်လိုင်းဟာ မနေ့က နေ့လည်ပိုင်းမှာ ရေနံယိုစိမ့်မှု ဖြစ်ပွားခဲ့ရာကနေ ညပိုင်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့ရာမှာ ဒေသခံ ပြည်သူ ဆယ်ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ ၇၀ နီးပါး ရှိတယ်လို့ သတင်းတွေ ရရှိပါတယ်။
2010-10-25
မကြာခင် စစ်အစိုးရပြုလုပ်မဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းက တိုင်းရင်းသား လူအင်အား တထောင်ကျော်လောက် အောက်တိုဘာလ ၂၅ရက် ဒီကနေ့ မနက်ပိုင်းမှာ စုရုံးဆန္ဒပြခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
2010-10-25
NLD ပါတီရဲ့ ရွေးကောက်ပွဲ သပိတ်မှောက်ရေး အစီအစဉ်နဲ့ ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်မဲ့ အစီအစဉ်များကို အောက်တိုဘာ ၂၅ ရက် ဒီကနေ့ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များ ဆွေးနွေး ညှိနှိုင်းတယ်လို့ သိရပါတယ်။ ဒီအစည်းအဝေးဟာ ပါတီအနေနဲ့ ရွေးကောက်ပွဲကို ဘယ်လို ဖြတ်သန်းမယ် ဆိုတာကို ဆွေးနွေးတာ ဖြစ်တယ်လို့ NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောပါတယ်။
2010-10-25
အောက်တိုဘာလ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကျင်းပတဲ့ ဇိုမီး အမျိုးသားကွန်ဂရက် ၂၂ နှစ် မြောက် အခမ်းအနားမှာ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး ကြိုးပမ်းဖို့ တိုင်းရင်းသားနဲ့ နိုင်ငံရေးအင်အားစု ခေါင်းဆောင်တွေ အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားသူတွေ သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။
2010-10-24
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ စစ်အစိုးရ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂ အရာရှိတွေနဲ့ အနောက်တိုင်း လေ့လာသူတွေက ပြောဆို ဝေဖန်နေကြတာနဲ့ ပတ်သက်ပြီး ဆွေးနွေးထားကြပါတယ်။
2010-10-24
ဂီရိမုန်တိုင်းနဲ့ ပတ်သက်လို့ ရန်ကုန် ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေး ဌာန UN-OCHA က ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ရန်ကုန်မှာ ဒီကနေ့ ညနေ အစည်းအဝေးတရပ် ကျင်းပခဲ့ပြီး OCHA အစီရင်ခံစာ အမှတ် (၂) ကို ထုတ်ပြန်လိုက်ပါတယ်။
2010-10-24
ဒီကနေ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကျင်းပတဲ့ ဇိုမီး အမျိုးသားကွန်ဂရက် တည်ထောင်ခြင်း ၂၂ နှစ် မြောက် အခမ်းအနားမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေက မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အတွက် ဒုတိယအကြိမ်မြောက် ပင်လုံညီလာခံ ခေါ်ယူဖို့ လိုအပ်ကြောင်း လက်မှတ်ရေးထိုး ကြေညာလိုက်ကြပါတယ်။
2010-10-24
မြန်မာစစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တွေ ဖြစ်တဲ့ ဝ နယ်နဲ့ SSA မြောက်ပိုင်း ဌာနချုပ် အနီး ပတ်ဝန်းကျင်မှာ အခုရက်ပိုင်းအတွင်း စစ်အင်အားတွေ တိုးချဲ့ ချထားကြောင်း အပစ်ရပ်အဖွဲ့တွေနဲ့ နီးစပ်တဲ့ သတင်းတွေအရသိရပါတယ်။
2010-10-24
ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ နည်းဥပဒေတွေကို ပြည်သူတွေ သိရှိစေဖို့ အသိပညာပေးတဲ့ စာရွက်တွေကို တနင်္သာရီတိုင်း မြိတ်မြို့နယ်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေက အောက်တိုဘာလ ၂၃ ရက်နေ့ကစပြီး မြို့နယ်အတွင်း ဖြန့်ဝေခဲ့ကြတယ်လို့ သိရပါတယ်။